အႏုိင္ရ ဆိပ္ကမ္းၿမိဳ႕နယ္ ျပည္ခုိင္ၿဖိဳး အမတ္ကုိ NLD ပါတီဝင္တစ္ဦး အမႈဖြင့္

0
163

ဆိပ္ကမ္းၿမိဳ႕နယ္မွာအနုိင္ရရွိခဲ့တဲ့ တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေနမ်ဳိးေအာင္အပါအ၀င္ သုံးဦးကုိ ေခ်းေငြကိစၥနဲ႔ ပက္သက္ၿပီး ေရြးေကာက္ပြဲဆုိင္ရာ ျပစ္မႈဥပေဒပုဒ္မ ၅၈(က)အရ ဆိပ္ကမ္းၿမိဳ႕မရဲစခန္းမွာ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ပါတီ၀င္ တစ္ဦးက အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။

ရဲစခန္းမွာ အမႈဖြင့္တုိင္ၾကားရမွာ ဦးေနမ်ဳိးေအာင္အပါအ၀င္ ေရြးေကာက္ပြဲ ကုိယ္စားလွယ္ ေဒၚတုိးတုိးလြင္နဲ႔ My Htut မန္ေနဂ်င္းဒါ႐ိုက္တာ ဦးလင္းေအာင္တုိ႔ လည္းပါ၀င္ေၾကာင္း တုိင္ၾကားသူ ၾကည့္ျမင့္တုိင္ အမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ႐ံုးအဖြဲ႕မွဴး ကေျပာပါတယ္။

နုိ၀င္ဘာလ ၁၄ ရက္ေန႔မွာ Myanmar Now သတင္းမွာေဖာ္ျပပါရွိတဲ့ အႏုိင္ရအမတ္ေလာင္း ႏွင့္ ေရြးေကာက္ပြဲ အႀကိဳကာလ ေငြေခ်းလုပ္ငန္း ဆိပ္ကမ္းၿမိဳ႕နယ္ ေခါင္းစဥ္နဲ႔ ေရးသားထားတဲ့ ေဆာင္းပါး မွာ ဆိပ္ကမ္းၿမိဳ႕ နယ္ေနသူေတြအတြက္ က်ပ္သိန္း ၁၀၀ နဲ႔ လူ ၁၀၀ ေက်ာ္ကုိ ေခ်းယူခဲ့တာျဖစ္တယ္လုိ႔ ေရးသားထား တာလည္းျဖစ္ပါတယ္။

ျပည္ခုိ္င္ၿဖိဳးပါတီ အနိုင္ရရွိခဲ့တာေၾကာင့္ အခုလုိတုိင္ၾကားတာမဟုတ္ဘဲ ဒီမုိကေရစီလမ္းေၾကာင္းမွာ တရားမဲ့ ျပဳက်င့္တဲ့ လုပ္ရပ္ျဖစ္တဲ့ ကိစၥမ်ဳိး မျဖစ္ေစလုိတာေၾကာင့္ ႏုိ၀င္ဘာလ ၁၇ ရက္ေန႔ က ဥပေဒ အရ ရဲစခန္းကုိ သြားေရာက္တုိင္ၾကား ခဲ့တာလည္းျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနိုင်ရ ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုး အမတ်ကို NLD ပါတီဝင်တစ်ဦးအမှုဖွင့်

ဆိပ်ကမ်းမြို့နယ်မှာအနိုင်ရရှိခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်အပါအဝင် သုံးဦးကို ချေးငွေကိစ္စနဲ့ပက်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုဥပဒေပုဒ်မ ၅၈(က)အရ ဆိပ်ကမ်းမြို့မရဲစခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားရမှာ ဦးနေမျိုးအောင်အပါအဝင် ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်နဲ့ My Htut မန်နေဂျင်းဒါရိုက်တာ ဦးလင်းအောင်တို့ လည်းပါဝင်ကြောင်း တိုင်ကြားသူ ကြည့်မြင့်တိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့မှူး ကပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာ Myanmar Now သတင်းမှာဖော်ပြပါရှိတဲ့ အနိုင်ရအမတ်လောင်း နှင့် ရွေးကောက်ပွဲ အကြိုကာလ ငွေချေးလုပ်ငန်း ဆိပ်ကမ်းမြို့နယ် ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဆောင်းပါး မှာ ဆိပ်ကမ်းမြို့ နယ်နေသူတွေအတွက် ကျပ်သိန်း ၁၀ဝ နဲ့ လူ ၁၀ဝ ကျော်ကို ချေးယူခဲ့တာဖြစ်တယ်လို့ ရေးသားထား တာလည်းဖြစ်ပါတယ်။

ပြည်ခိ်ုင်ဖြိုးပါတီ အနိုင်ရရှိခဲ့တာကြောင့် အခုလိုတိုင်ကြားတာမဟုတ်ဘဲ ဒီမိုကရေစီလမ်းကြောင်းမှာ တရားမဲ့ ပြုကျင့်တဲ့ လုပ်ရပ်ဖြစ်တဲ့ ကိစ္စမျိုး မဖြစ်စေလိုတာကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့ က ဥပဒေ အရ ရဲစခန်းကို သွားရောက်တိုင်ကြား ခဲ့တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)