
0
380




>>>>>>>>>>>>>>>>>>>>>>>>> >>>>>>>>>>>>>>>>>>>>>>>>>>

၁၃ ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တိုက်ရိုက်လွှင့်မယ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၁၃ ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာ့ရုပ်မြင်သံကြား MRTV က တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ ရှိနေပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) မှာ ကျင်းပမယ့် အဲ့ဒီအစည်းအဝေးရဲ့ ဖွင့်ပွဲအခမ်းအနားကို မနက် ၉ နာရီအချိန်မှာ တိုက်ရိုက် ထုတ်လွှင့်ပြသဖို့ရှိနေတာပါ။

မြန်မာ့ရုပ်မြင်သံကြား MRTV နဲ့အတူ မြန်မာ့အသံရေဒီယိုတို့အပြင် Facebook Page  တွေကနေလည်း တိုက်ရိုက်ထုတ်လွှင့်ဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)