မောင်တောအကြမ်းဖက်မှုဖြစ်စဉ် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမယ်

0
301

ရခိုင်ပြည်နယ်မောင်တောမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးနိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သွား မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက နိုဝင်ဘာလ ၁၈ရက်နေ့ ကသတင်းထုတ်ပြန်လိုက်ပါတယ်။

15027381_640071879499255_609002900797490167_n

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၁၆) ကို နေ့လည် ၂ နာရီက နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပပြုလုပ်ပြီး အခုလို သတင်းထုတ်ပြန်လိုက်တာပါ။

အဲဒီစုံစမ်း စစ်ဆေးရေးအဖွဲ့အနေနဲ့မောင်တော ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ် အဖြစ်မှန် ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးဖို့နဲ့ အဲဒီ၊ စုံစမ်းစစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံပြီးနောင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်သင့်တဲ့အစီအမံတွေ၊ သင်ခန်းစာ ဖော်ထုတ်ချက်တွေကို လေ့လာ သုံးသပ်တင်ပြရန်ဆောင်ရွက် သွားမှာဖြစ်ပါတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)