စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးကို တာဝန်မှ ရပ်စဲ

0
294

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲလိုက်ပါတယ်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်၅၉/၂၀၁၆ နဲ့ နိုဝင်ဘာလ ၁၈ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

15073464_1141767485870986_639423663439599602_n

့ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ဂ)ပုဒ်မခွဲငယ်(င) နှင့်ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်တွေအရ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ လက်မှတ်နဲ့ ဒီကနေ့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)