အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးနက်ထား ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ သဘောတူညီ

0
405

လွှတ်တော်တွေ ဖွဲ့စည်းရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးနက်ထား ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ သဘောတူညီခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက နေပြည်တော် လွှတ်တော်အဆောက်အဦမှာရှိတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးပြီး အချက် ၅ ချက်ပါဝင်တဲ့ သဘောတူညီချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
2
အဲဒီထုတ်ပြန်ချက်အရ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေအပါအ၀င် တခြားအရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပြီး အပြန်အလှန်ယုံကြည်လေးစား သဟဇာတဖြစ်တဲ့ အစဉ်အလာကောင်းတွေ ချမှတ်နိုင်ရန်နဲ့ ဒုတိယအကြိမ် လွှတ်တော်ကို ဥပဒေနဲ့အညီ ခေါ်ယူဖွဲ့စည်းနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင်အထည်ဖော်ခြင်းနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာမြင့်မားရေးနဲ့ ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံး အေးချမ်းမှုရှိစေရန်အပါအ၀င် ပြည်သူအသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ လွှတ်တော်ရဲ့ မူဝါဒဆောင်ပုဒ်နဲ့အညီ ပြည်သူတွေရဲ့ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

မော့ဂျေ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)