ဒုတိယေျမာက္ စြန္႔ဦးတီထြင္အစီအစဥ္မွာ အႏုိင္ရတဲ့ လူငယ္ေတြကို နည္းပညာကုမၸဏီ ပံ့ပုိး (႐ုပ္/သံ)

0
743

ဒုတိယေျမာက္ စြန္႔ဦးတီထြင္လူငယ္အစီအစဥ္မွာ အႏိုင္ရရွိတ့ဲ လူငယ္ေတြကို နည္းပညာကုမၸဏီ တည္ေထာင္ႏိုင္တ့ဲအထိ ပံ့ပိုးေပးသြားမွာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

နည္းပညာက႑မွာ စိတ္ပါ၀င္စားျပီး ကိုယ္ပိုင္လုပ္ငန္းတစ္ခု တည္ေထာင္ႏိုင္ဖို႔ ရည္မွန္းခ်က္ရွိတ့ဲ လူငယ္ေတြအတြက္ ျပဳလုပ္တ့ဲ ဒုတိယေျမာက္ စြန္႔ဦးတီထြင္လူငယ္အစီအစဥ္မွာ အႏိုင္ရရွိတ့ဲ လူငယ္ေတြကို နည္းပညာကုမၸဏီ တည္ေထာင္ႏိုင္တဲ့အထိ ပံ့ပိုးေပးသြားမယ္လို႔ ျမန္မာလူငယ္ နည္းပညာ စြန္႔ဦးတီထြင္ ဖြံ႕ၿဖိဳးေရး အစီအစဥ္ရဲ႕ ဥကၠ႒က ေျပာပါတယ္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔က ရန္ကုန္ျမိဳ႕ ဆူးေလရွန္ဂီလာဟိုတယ္မွာ “ျမန္မာလူငယ္ နည္းပညာ စြန္႔ဦးတီထြင္ ဖြံ႕ၿဖိဳးေရးအစီအစဥ္ ၂၀၁၉” စတင္တဲ့ အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite-ဦးေသာင္းစုၿငိမ္း (ဥကၠ႒)
ျမန္မာလူငယ္နည္းပညာစြန္႔ဦးတီထြင္ဖြံ႔ျဖိဳးေရးအစီအစဥ္

ဒီၿပိဳင္ပြဲကို ၿပိဳင္ပြဲ၀င္ဖို႔ မႏၱေလးနဲ႔ ရန္ကုန္ၿမိဳ႕ေတြက ေလွ်ာက္ထားလာတ့ဲ အသင္းေတြထဲက ဆန္ကာတင္ ၁၀ သင္းေရြးခ်ယ္ၿပီး စီးပြားေရးလုပ္ငန္းဆိုင္ရာ အစီအစဥ္စိတ္ကူးေတြအတြက္ အခြင့္အလမ္းေတြကို စခန္းသြင္း ေလ့က်င့္ေပးသြားမွာ ျဖစ္ပါတယ္။
ေနာက္ဆုံး အကဲျဖတ္ၿပီး အႏုိင္ရရွိတ့ဲ ၃ သင္းထဲက အသင္းတစ္သင္းဆီကို ေငြက်ပ္ သိန္း ၈၀ စီးပြားေရးလုပ္ငန္း ရင္းႏွီးမတည္ေငြအျဖစ္ ေပးအပ္သြားမယ္လို႔ ေျပာပါတယ္။

Soundbite – ဦးမိုးသူရ (ဒုတိယဌာနဆိုင္ရာအေထြေထြမန္ေနဂ်ာ)
ေပါင္းကူးဆက္ဆံေရးဌာန (MPT)

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT)နဲ႔ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဴပ္တို႔ ပူးေပါင္းျပီး ျမန္မာလူငယ္နည္းပညာ စြန္႔ဦးတီထြင္ ဖြံ႔ၿဖိဳးေရးအစီအစဥ္ကို ၂၀၁၈ ခုႏွစ္က စတင္က်င္းပခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္က အႏိုင္ရရွိတ့ဲ အသင္းသုံးသင္းျဖစ္တ့ဲ Klenic၊ Secret Art နဲ႔ Digisportal အသင္းေတြဟာ က်န္းမာေရး၀န္ေဆာင္မႈ အပလီေကးရွင္း၊ အသံထြက္စာအုပ္ ဝန္ေဆာင္မႈအပလီေကးရွင္းနဲ႔ e-sports ၀န္ေဆာင္မႈ အပလီေကးရွင္းေတြ ထုတ္လုပ္ထားၿပီး ကုမၸဏီေတြဖြင့္ လည္ပတ္ေနၿပီျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုတိယမြောက် စွန့်ဦးတီထွင်အစီအစဉ်မှာ အနိုင်ရတဲ့ လူငယ်တွေကို နည်ပညာကုမ္ပဏီ ပံ့ပိုး

ဒုတိယမြောက် စွန့်ဦးတီထွင်လူငယ်အစီအစဉ်မှာ အနိုင်ရရှိတဲ့ လူငယ်တွေကို နည်းပညာကုမ္ပဏီ တည်ထောင်နိုင်တဲ့အထိ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

နည်းပညာကဏ္ဍမှာ စိတ်ပါဝင်စားပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်ဖို့ ရည်မှန်းချက်ရှိတဲ့ လူငယ်တွေအတွက် ပြုလုပ်တဲ့ ဒုတိယမြောက် စွန့်ဦးတီထွင်လူငယ်အစီအစဉ်မှာ အနိုင်ရရှိတဲ့ လူငယ်တွေကို နည်းပညာကုမ္ပဏီ တည်ထောင်နိုင်တဲ့အထိ ပံ့ပိုးပေးသွားမယ်လို့ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂီလာဟိုတယ်မှာ “မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉” စတင်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite-ဦးသောင်းစုငြိမ်း (ဥက္ကဋ္ဌ)
မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်

ဒီပြိုင်ပွဲကို ပြိုင်ပွဲဝင်ဖို့ မန္တလေးနဲ့ ရန်ကုန်မြို့တွေက လျှောက်ထားလာတဲ့ အသင်းတွေထဲက ဆန်ကာတင် ၁၀ သင်းရွေးချယ်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ အစီအစဉ်စိတ်ကူးတွေအတွက် အခွင့်အလမ်းတွေကို စခန်းသွင်း လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး အကဲဖြတ်ပြီး အနိုင်ရရှိတဲ့ ၃ သင်းထဲက အသင်းတစ်သင်းဆီကို ငွေကျပ် သိန်း ၈၀ စီးပွားရေးလုပ်ငန်း ရင်းနှီးမတည်ငွေအဖြစ် ပေးအပ်သွားမယ်လို့ ပြောပါတယ်။

Soundbite – ဦးမိုးသူရ (ဒုတိယဌာနဆိုင်ရာအထွေထွေမန်နေဂျာ)
ပေါင်းကူးဆက်ဆံရေးဌာန (MPT)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်တို့ ပူးပေါင်းပြီး မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က အနိုင်ရရှိတဲ့ အသင်းသုံးသင်းဖြစ်တဲ့ Klenic၊ Secret Art နဲ့ Digisportal အသင်းတွေဟာ ကျန်းမာရေးဝန်ဆောင်မှု အပလီကေးရှင်း၊ အသံထွက်စာအုပ် ဝန်ဆောင်မှုအပလီကေးရှင်းနဲ့ e-sports ဝန်ဆောင်မှု အပလီကေးရှင်းတွေ ထုတ်လုပ်ထားပြီး ကုမ္ပဏီတွေဖွင့် လည်ပတ်နေပြီဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)