ကုလ အထူးကိုယ္စားလွယ္အဖြဲ႔ ကခ်င္ျပည္နယ္ရွိ IDPs စခန္းေတြ သြားေရာက္ေလ့လာ

0
683

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥ ခရစၥတင္း ရွာရာနာ ဘာဂနာနဲ႔ အဖြဲ႔ဟာ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားနဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္ အတြင္းရွိ တိုက္ပြဲေရွာင္ စခန္းေတြကို သြားေရာက္ေလ့လာပါတယ္။

မေန႔က ေအာက္တိုဘာ ၁၈ ရက္ေန႔မွာ ျမစ္ႀကီးနားၿမိဳ႕၊ ဂ်ာမိုင္ေကာင္း ရပ္ကြက္ရွိ ကက္သလစ္အသင္းေတာ္ တိုက္ပြဲေရွာင္စခန္း၊ ေနာင္နန္းရပ္ကြက္၊ ႀတိနီတိဘုရားေက်ာင္းဝင္း အတြင္းရွိ IDP Camp နဲ႔ ေဂ်ာ္မဆပ္ ဘုရားေက်ာင္းဝင္း အတြင္းရွိ IDP Camp တို႔ကို သြားေရာက္ ေလ့လာခဲ့ပါတယ္။

အထူးကိုယ္စားလွယ္နဲ႔ အဖြဲ႔ဟာ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မိုင္းနား RC စစ္ေရွာင္စခန္း၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ စစ္ေရွာင္စခန္းေတြက မိသားစုေတြကို ျပန္လည္ေနရာခ်ထားတဲ့ အိမ္ရာ၊ မိုင္းနား KBC ဘက္စုံဖြံ႕ၿဖိဳးေရး ၿခံအတြင္းရွိ IDP စခန္းနဲ႔ ခတ္ခ်ိဳ IDPs စခန္းေတြကိုလည္း သြားေရာက္ ေလ့လာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုလ အထူးကိုယ်စားလှယ်အဖွဲ့ ကချင်ပြည်နယ်ရှိ IDPs စခန်းတွေ သွားရောက်လေ့လာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှာရာနာ ဘာဂနာနဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ် အတွင်းရှိ တိုက်ပွဲရှောင် စခန်းတွေကို သွားရောက်လေ့လာပါတယ်။

မနေ့က အောက်တိုဘာ ၁၈ ရက်နေ့မှာ မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်း ရပ်ကွက်ရှိ ကက်သလစ်အသင်းတော် တိုက်ပွဲရှောင်စခန်း၊ နောင်နန်းရပ်ကွက်၊ တြိနီတိဘုရားကျောင်းဝင်း အတွင်းရှိ IDP Camp နဲ့ ဂျော်မဆပ် ဘုရားကျောင်းဝင်း အတွင်းရှိ IDP Camp တို့ကို သွားရောက် လေ့လာခဲ့ပါတယ်။

အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ ဝိုင်းမော်မြို့နယ်၊ မိုင်းနား RC စစ်ရှောင်စခန်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေက မိသားစုတွေကို ပြန်လည်နေရာချထားတဲ့ အိမ်ရာ၊ မိုင်းနား KBC ဘက်စုံဖွံ့ဖြိုးရေး ခြံအတွင်းရှိ IDP စခန်းနဲ့ ခတ်ချို IDPs စခန်းတွေကိုလည်း သွားရောက် လေ့လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)