ေသဆံုးသြားတဲ့ ေလယာဥ္မွဴးေတြရဲ႕ မိသားစုထံ ေဒၚေအာင္ဆန္းစုၾကည္ အားေပးစကား ေပးပို႔

0
223

ေလ့က်င့္ပ်ံသန္းရင္း ေလယာဥ္ပ်က္က် ေသဆံုးသြားခဲ့တဲ့ မေကြးတိုင္း၊ မေကြးေလတပ္စခန္းက ဗိုလ္ႀကီး ဟိန္းသူေအာင္ရဲ႕ ဇနီးနဲ႔ ဗိုလ္ႀကီး ၿဖိဳးေမာင္ေမာင္ရဲ႕ ဇနီးထံ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မိသားစုနဲ႔ ထပ္တူဝမ္းနည္းေၾကာင္း အားေပးစကား ေပးပုိ႔ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၆ ရက္ေန႔က မေကြးေလတပ္စခန္းက ေလ့က်င့္ေရး စစ္ဘက္ေလယာဥ္ ႏွစ္စီး တစ္ရက္တည္း ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။ ပ်က္က်တဲ့ ေလယာဥ္ တစ္စီးရဲ႕ အပိုင္းအစ ထိမွန္လို႔ ပဥၥမတန္း ေက်ာင္းသူ မသြယ္ဇင္ၿငိမ္း (၁၂ ႏွစ္)လည္း မင္းဘူးၿမိဳ႕ ျပည္သူ႔ေဆး႐ံုႀကီးကို ပို႔ေဆာင္ကုသစဥ္ ကြယ္လြန္သြားပါ တယ္။

ေသဆုံးသြားတဲ့ မသြယ္ဇင္ၿငိမ္းရဲ႕ မိသားစုကို အလယ္ပုိင္းတုိင္း စစ္ဌာခ်ဳပ္၊ တုိင္မႉး ဗုိလ္မႉးခ်ဳပ္ ေက်ာ္စြာလင္းက ေထာက္ပံ့ေငြေပးအပ္ခဲ့ပါတယ္။ တိုင္းေဒသႀကီးအစိုးရကလည္း ေသဆံုးသူ အရာရွိ ႏွစ္ဦးနဲ႔ မသြယ္ဇင္ၿငိမ္းတို႔ကို လည္း က်ပ္ ၁၀ သိန္းစီ ေထာက္ပံ့ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သေဆုံးသွားတဲ့ လေယာဉ်မှူးတွေနဲ့ မိသားစုထံ ဒေါ်အောင်ဆန်းစုကြည် အားပေးစကား ပေးပို့

လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့တဲ့ မကွေးတိုင်း၊ မကွေးလေတပ်စခန်းက ဗိုလ်ကြီး ဟိန်းသူအောင်ရဲ့ ဇနီးနဲ့ ဗိုလ်ကြီး ဖြိုးမောင်မောင်ရဲ့ ဇနီးထံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း အားပေးစကား ပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က မကွေးလေတပ်စခန်းက လေ့ကျင့်ရေး စစ်ဘက်လေယာဉ် နှစ်စီး တစ်ရက်တည်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျက်ကျတဲ့ လေယာဉ် တစ်စီးရဲ့ အပိုင်းအစ ထိမှန်လို့ ပဉ္စမတန်း ကျောင်းသူ မသွယ်ဇင်ငြိမ်း (၁၂ နှစ်)လည်း မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသစဉ် ကွယ်လွန်သွားပါ တယ်။

သေဆုံးသွားတဲ့ မသွယ်ဇင်ငြိမ်းရဲ့ မိသားစုကို အလယ်ပိုင်းတိုင်း စစ်ဌာချုပ်၊ တိုင်မှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရကလည်း သေဆုံးသူ အရာရှိ နှစ်ဦးနဲ့ မသွယ်ဇင်ငြိမ်းတို့ကို လည်း ကျပ် ၁၀ သိန်းစီ ထောက်ပံ့ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)