Weekly Eleven ပါ ေဆာင္းပါးကိစၥ မီဒီယာ ေကာင္စီကို တိုင္ၾကား

0
202

Weekly Eleven မွာ ေဖာ္ျပပါရွိခဲ့တဲ့ ေဆာင္းပါးနဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ညႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ခိုင္က ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီကို တိုင္ၾကားလိုက္ပါတယ္။

“အၿမဲရံႈးေနတဲ့ စက္သံုးဆီဆိုင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔ လူအမည္ေပါက္ ျပည္သူ႔ရွယ္ယာ” ေဆာင္းပါးနဲ႔ ပတ္သက္လို႔ အယ္ဒီတာခ်ဳပ္ ကိုေက်ာ္ေဇာလင္း၊ တာဝန္ခံ အယ္ဒီတာ ဦးနရီမင္းနဲ႔ သတင္းေထာက္ခ်ဳပ္ ကိုၿဖိဳးေဝဝင္းတို႔ကို ညႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ခိုင္က မေန႔ ေအာက္တိုဘာ ၁၈ ရက္ေန႔မွာ တိုင္ၾကားလိုက္တာ ျဖစ္ပါတယ္။

Weekly Eleven ဂ်ာနယ္လစ္ သံုးဦးကုိ တရားစြဲဆိုထားမႈနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၁ အရ နစ္နာေသာ အဖြဲ႔အစည္းဌာန၊ ပုဂၢိဳလ္က အရင္ဆံုး ျမန္မာႏိုင္ငံ သတင္းမီဒီယာ ေကာင္စီကို တိုင္ၾကားဖို႔၊ သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၂ အရ မီဒီယာ ေကာင္စီက ႏွစ္ဖက္ေတြ႔ဆံု ေျဖရွင္းေပးဖို႔နဲ႔ မေျပလည္မွသာ တရား႐ံုးမွာ ဥပေဒနဲ႔အညီ တရားစြဲဖို႔ အစိုးရအဖြဲ႔႐ံုးက ရန္ကုန္တိုင္းေဒသႀကီး အစိုးရကို ေအာက္တိုဘာ ၁၇ ရက္ေန႔က ညႊန္ၾကားလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Weekly Eleven ပါ ဆောင်းပါးကိစ္စ မီဒီယာ ကောင်စီကို တိုင်ကြား

Weekly Eleven မှာ ဖော်ပြပါရှိခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားလိုက်ပါတယ်။

“အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနဲ့ ပတ်သက်လို့ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။

Weekly Eleven ဂျာနယ်လစ် သုံးဦးကို တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၁ အရ နစ်နာသော အဖွဲ့အစည်းဌာန၊ ပုဂ္ဂိုလ်က အရင်ဆုံး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို တိုင်ကြားဖို့၊ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၂ အရ မီဒီယာ ကောင်စီက နှစ်ဖက်တွေ့ဆုံ ဖြေရှင်းပေးဖို့နဲ့ မပြေလည်မှသာ တရားရုံးမှာ ဥပဒေနဲ့အညီ တရားစွဲဖို့ အစိုးရအဖွဲ့ရုံးက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အောက်တိုဘာ ၁၇ ရက်နေ့က ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)