စာအုပ္ထုတ္ေဝေရး လုပ္ငန္းေတြနဲ႔ MPT တို႔ ပူးေပါင္းၿပီး eBooks ဝန္ေဆာင္မႈေပး

0
1334

ျမန္မာႏိုင္ငံရွိ စာအုပ္ထုတ္ေဝေရး လုပ္ငန္း ၃၀ ေက်ာ္နဲ႔ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) တို႔ ပူးေပါင္းၿပီး eBooks ဝန္ေဆာင္မႈ ေပးေနၿပီ ျဖစ္ပါတယ္။


စာအုပ္၊ ဂ်ာနယ္နဲ႔ မဂၢဇင္းေတြကို ဝယ္ယူဖတ္ရႈတာ၊ စာအုပ္နဲ႔ မဂၢဇင္းေတြကို ငွားရမ္းဖတ္ရႈတာ၊ ဂ်ာနယ္နဲ႔ မဂၢဇင္းေတြကို လစဥ္စာာရင္းေပးသြင္း စနစ္တို့နဲ႔ Web Browser ၊ မိုဘိုင္းဖုန္း၊ တက္ဘလက္တို႔ကို အသံုးျပဳၿပီး ဖတ္႐ႈႏိုင္မွာ ျဖစ္ပါတယ္။

စာအုပ္အမ်ိဳးအစားေပါင္း ၆၀၀ ေက်ာ္၊ ဂ်ာနယ္ ၂၄ မ်ိဳးနဲ႔ မဂၢဇင္း စာအုပ္ေပါင္း ၂၆ မ်ိဳးကို ဖတ္႐ႈႏိုင္မွာ ျဖစ္ၿပီး လုပ္ေဆာင္ရမယ့္ အေသးစိတ္ကိုေတာ့ mpt.com.mm မွာ ၾကည့္႐ႈႏိုင္ပါတယ္။ ဝန္ေဆာင္မႈကို စာရင္းေပးသြင္းေနာက္ မဂၢဇင္းနဲ႔ ဂ်ာနယ္ package ေတြကို ၇ ရက္တာ အခမဲ့ရယူ ဖတ္ရႈႏိုင္ၿပီး အခမဲ့ကာလ ၿပီးဆံုးရင္ လစဥ္ေၾကး တစ္လကို ၁,၉၉၉ က်ပ္ ေပးသြင္းၿပီး ဝန္ေဆာင္မႈကို ဆက္လက္ရယူရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေနဲ့ MPT တို့ ပူးပေါင်းပြီး eBooks ဝန်ဆောင်မှုပေး

မြန်မာနိုင်ငံရှိ စာအုပ်ထုတ်ဝေရေး လုပ်ငန်း ၃၀ ကျော်နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်းပြီး eBooks ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါတယ်။

စာအုပ်၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကို ဝယ်ယူဖတ်ရှုတာ၊ စာအုပ်နဲ့ မဂ္ဂဇင်းတွေကို ငှားရမ်းဖတ်ရှုတာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကို လစဉ်စာရင်းပေးသွင်း စနစ်တို့နဲ့ Web Browser ၊ မိုဘိုင်းဖုန်း၊ တက်ဘလက်တို့ကို အသုံးပြုပြီး ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

စာအုပ်အမျိုးအစားပေါင်း ၆၀ဝ ကျော်၊ ဂျာနယ် ၂၄ မျိုးနဲ့ မဂ္ဂဇင်း စာအုပ်ပေါင်း ၂၆ မျိုးကို ဖတ်ရှုနိုင်မှာ ဖြစ်ပြီး လုပ်ဆောင်ရမယ့် အသေးစိတ်ကိုတော့ mpt.com.mm မှာ ကြည့်ရှုနိုင်ပါတယ်။ ဝန်ဆောင်မှုကို စာရင်းပေးသွင်းနောက် မဂ္ဂဇင်းနဲ့ ဂျာနယ် package တွေကို ၇ ရက်တာ အခမဲ့ရယူ ဖတ်ရှုနိုင်ပြီး အခမဲ့ကာလ ပြီးဆုံးရင် လစဉ်ကြေး တစ်လကို ၁,၉၉၉ ကျပ် ပေးသွင်းပြီး ဝန်ဆောင်မှုကို ဆက်လက်ရယူရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)