
0
236




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧရာဝတီလင်းပိုင် ကာကွယ်ပေးတဲ့ ဧရိယာ တိုးချဲ့

မျိုးတုံးမယ့် အန္တရာယ် ကြုံတွေ့နေရတဲ့ ဧရာဝတီ လင်းပိုင်တွေကို အကာအကွယ်ပေးတဲ့ ဧရာဝတီမြစ်အတွင်း ဧရိယာကို တိုးချဲ့လိုက်ပါတယ်။

ဧရာဝတီ လင်းပိုင် အကာအကွယ်ပေးရေး ဧရိယာကို ၂၀ဝ၅ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ပြီး ဧရာဝတီ မြစ်တစ်လျှောက် ၄၆ မိုင် ရှည်လျားပါတယ်။ အခု မလယ်ရွာကနေ ရွှေဂူအထိ နောက်ထပ် ၆၂ မိုင် တိုးချဲ့သတ်မှတ်တာ ဖြစ်တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့ (WCS) က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ဧရိယာအတွင်း မြစ်ကြောင်းတစ်လျှောက်မှာ ကျေးရွာ ၅၀ ကျော် ရှိပါတယ်။

အကာအကွယ်ပေးထားတဲ့ ဧရိယာအတွင်းမှာ ကန့်သတ်ချက်တွေ အများကြီး ထုတ်ထားပြီး ငါးဖမ်းပိုက် အရွယ်အစား သတ်မှတ်တာ၊ လျှပ်စစ်နဲ့ ရှော့တိုက်ပြီး ငါးဖမ်းခြင်း တားမြစ်တာတွေ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)