
0
199




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အထည်ချုပ်လုပ်ငန်း ပို့ကုန်ကနေ ခြောက်လအတွင်း ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရရှိ

မြန်မာ့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ပို့ကုန်ကနေ ဒီနှစ် ဧပြီလမှ စက်တင်ဘာအထိ ခြောက်လအတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့တာကြောင့် မနှစ်က ကာလတူနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၁ ဘီလီယံခန့် ပိုများလာပါတယ်။

ဒီနှစ်အတွင်း ဥရောပသမဂ္ဂက မြန်မာ့အထည်ချုပ်လုပ်ငန်းတွေကနေ အော်ဒါကို နှစ်ဆတိုး မှာယူခဲ့တာ ဖြစ်ပါ တယ်။ ဥရောပသမဂ္ဂက မနှစ်တုန်းက အမေရိကန် ဒေါ်လာ သန်း ၉၀ ဖိုး မှာယူခဲ့ပြီး ဒီနှစ်မှာတော့ ဒေါ်လာ သန်း ၁၈၀ ဖိုး မှာယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အထည်ချုပ် ပို့ကုန်လုပ်ငန်းကနေ ၂၀၁၀ ပြည့်နှစ်မှာ ဒေါ်လာ ၃၃၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁ ဘီလီယံဖိုးအထိ တိုးလာပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံဖိုးအထိ တင်ပို့နိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)