ဘာသာစကား အခက္အခဲနဲ႔ စိတ္ဓာတ္က်မႈေၾကာင့္ နယူးဇီလန္မွာ ကရင္အမ်ိဳးသမီးတစ္ဦး ေသဆံုး

0
878

ကေလးသံုးေယာက္ မိခင္ ကရင္အမ်ိဳးသမီးတစ္ဦးဟာ အကူအညီရဖို႔ ကာလရွည္ၾကာ ေစာင့္ဆိုင္းေနရင္း စိတ္ဓာတ္က်မႈေတြေၾကာင့္ ေသဆံုးခဲ့တယ္လို႔ နယူးဇီလန္ ျမန္မာ တိုင္းရင္သား ေကာင္စီက ေျပာပါတယ္။

ပရစ္တီ ဆာ (၃၇ ႏွစ္)ဟာ ကရင္ဒုကၡသည္တစ္ဦး ျဖစ္ၿပီး စိတ္ဓာတ္က်မႈ၊ စကားျပန္ ဝန္ေဆာင္မႈအတြက္ ေငြေၾကးမျပည့္စံုတာေရာ စကားျပန္မရႏိုင္တာေရာေၾကာင့္ ႐ုန္းကန္ရမႈေတြ ႀကံဳခဲ့ရတယ္လို႔ တိုင္းရင္းသား ေကာင္စီက ေခါင္းေဆာင္တစ္ဦးျဖစ္သူ ခရစၥတာလင္း ဇလပ္ျဖဴ က ေျပာပါတယ္။

ပရစ္တီ ဆာဟာ အဆံုးစီရင္သြားတယ္လို႔ သံသယ ရွိေနပါတယ္။ ၂၀၁၆ ခုႏွစ္ကစၿပီး နယူးဇီလန္ႏိုင္ငံမွာ အေျခခ်ခြင့္ရၿပီးေနာက္ စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈ ျပႆနာေတြေၾကာင့္ ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္ဖို႔ စကားျပန္ရရွိေရး ခက္ခဲေနခဲ့ေၾကာင္း၊ ေဆးခန္းေတြမွာ ရက္ခ်ိန္ယူၿပီး စကားျပန္ရွာေပးဖို႔ ေတာင္းဆိုေတာ့ မရခဲ့ေၾကာင္း၊ အဲဒီလိုနဲ႔ ဆရာဝန္နဲ႔ ျပသတိုင္ပင္ခြင့္မရတာ တစ္ႏွစ္နီးပါး ၾကာခဲ့ေၾကာင္း ဇလပ္ျဖဴက ေျပာပါတယ္။

ပရစ္တီ ဆာဟာ ဒုကၡသည္စခန္းမွာ တခ်ိန္လံုး ခက္ခဲစြာ ျဖတ္သန္းခဲ့ရေၾကာင္း၊ လံုၿခံဳတဲ့ ဒီႏိုင္ငံကို ေရာက္လာေပမယ့္ စိတ္က်ေရာဂါ ခံစားရၿပီးေနာက္ လံုေလာက္တဲ့ အကူအညီ မရခဲ့ေၾကာင္းလည္း သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘာသာစကား အခက်အခဲနဲ့ စိတ်ဓာတ်ကျမှုကြောင့် နယူးဇီလန်မှာ ကရင်အမျိုးသမီးတစ်ဦး သေဆုံး

ကလေးသုံးယောက် မိခင် ကရင်အမျိုးသမီးတစ်ဦးဟာ အကူအညီရဖို့ ကာလရှည်ကြာ စောင့်ဆိုင်းနေရင်း စိတ်ဓာတ်ကျမှုတွေကြောင့် သေဆုံးခဲ့တယ်လို့ နယူးဇီလန် မြန်မာ တိုင်းရင်သား ကောင်စီက ပြောပါတယ်။

ပရစ်တီ ဆာ (၃၇ နှစ်)ဟာ ကရင်ဒုက္ခသည်တစ်ဦး ဖြစ်ပြီး စိတ်ဓာတ်ကျမှု၊ စကားပြန် ဝန်ဆောင်မှုအတွက် ငွေကြေးမပြည့်စုံတာရော စကားပြန်မရနိုင်တာရောကြောင့် ရုန်းကန်ရမှုတွေ ကြုံခဲ့ရတယ်လို့ တိုင်းရင်းသား ကောင်စီက ခေါင်းဆောင်တစ်ဦးဖြစ်သူ ခရစ္စတာလင်း ဇလပ်ဖြူ က ပြောပါတယ်။

ပရစ်တီ ဆာဟာ အဆုံးစီရင်သွားတယ်လို့ သံသယ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး နယူးဇီလန်နိုင်ငံမှာ အခြေချခွင့်ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ပြဿနာတွေကြောင့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ စကားပြန်ရရှိရေး ခက်ခဲနေခဲ့ကြောင်း၊ ဆေးခန်းတွေမှာ ရက်ချိန်ယူပြီး စကားပြန်ရှာပေးဖို့ တောင်းဆိုတော့ မရခဲ့ကြောင်း၊ အဲဒီလိုနဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ခွင့်မရတာ တစ်နှစ်နီးပါး ကြာခဲ့ကြောင်း ဇလပ်ဖြူက ပြောပါတယ်။

ပရစ်တီ ဆာဟာ ဒုက္ခသည်စခန်းမှာ တချိန်လုံး ခက်ခဲစွာ ဖြတ်သန်းခဲ့ရကြောင်း၊ လုံခြုံတဲ့ ဒီနိုင်ငံကို ရောက်လာပေမယ့် စိတ်ကျရောဂါ ခံစားရပြီးနောက် လုံလောက်တဲ့ အကူအညီ မရခဲ့ကြောင်းလည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)