
0
292




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးမြို့နယ်မှာ ကျပ်သိန်း ၅၀ဝ ကျော်ဖိုးရှိ သင်းခွေချပ် ကြေးခွံတွေ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်း-ချောင်းခွ-ဝေဘူလ ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ကျပ် သိန်း ၅၀ဝ ကျော် တန်ဖိုးရှိ သင်းခွေချပ် ကြေးခွံတွေ ဖမ်းမိခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ကလေးမြို့ကနေ မောင်းနှင်လာတဲ့ ရွှေသဇင်ကားအသင်း တံဆိပ်ပါ ယာဉ်ကို စစ်ဆေးရာ သင်းခွေချပ် ကြေးခွံတွေ ပါဝင်တဲ့ အိတ် ၂၀ ကို တွေ့ရှိခဲ့ပါတယ်။ စစ်မေးရာမှာ ထိုင်ခုံနံပါတ် (၃) မှာ လိုက်ပါလာတဲ့ ဦးလားလ်မှိန်းလျံနာရဲ့ ပစ္စည်းတွေ ဖြစ်ကြောင်း သိရှိရပါတယ်။

လုံးဝ ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်တဲ့ သင်းခွေချပ် အစိတ်အပိုင်းနဲ့ သင်းခွေချပ် အကြေးခွံတွေကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထား ရှိခြင်း၊ သယ်ဆောင်ခြင်းတွေ ပြုလုပ်ခဲ့ကြတဲ့ ဦးလားလ်မှိန်းလျံနာနဲ့ ယာဉ်မောင်းတို့ကို အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)