ထိုင္းငါးဖမ္း ေရလုပ္ငန္းေတြမွာ ျမန္မာလုပ္သားေတြ အခုလအတြင္း ေစလႊတ္မယ္

0
182

ထုိင္းနုိင္ငံငါးဖမ္းေလွေရလုပ္ငန္းမွာ ျမန္မာလုပ္သား ေလးေသာင္းေက်ာ္ကုိ လာမယ့္စက္တင္ဘာလ ၂၂ရက္ေန႔က စတင္ၿပီးတရား၀င္ခြင့္ျပဳေတာ့မွာျဖစ္တယ္လုိ႔ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန ညႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးဝင္းရွိန္က မီဒီယာေတြနဲ႔ေတြ႔ဆုံစဥ္ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

တရား၀င္ေစလႊတ္ခြင့္ျပဳေတာ့မွာျဖစ္တာေၾကာင့္ ထုိင္းနုိင္ငံ ရေနာင္းနဲ႔ျမန္မာနုိင္ငံဘက္ရွိေကာ့ေသာင္းေတာ့မွာ ႏွစ္နုိင္ငံ One Stop Centre ေတြ ဖြင့္လွစ္ၿပီး ေစလႊတ္သြားမွာျဖစ္ပါတယ္။

အဲဒီလုိေစလြတ္ရာတဲ့အခါမွာ ထုိင္းနုိင္ငံရွိ ရေနာင္းဘက္မွာေတာ့ ေရလုပ္သားေပါင္းစည္းေရးနဲ႔ ျပန္လည္ လက္ခံေရး စခန္းေတြဖြင့္ လွစ္မွာျဖစ္ၿပီးျမန္မာနုိင္ငံဘက္ ေကာ့ေသာင္းမွာေတာ့ ေစလႊတ္မယ့္ ေရလုပ္သား ေတြကုိ စာခ်ဳပ္ခ်ဳပ္ဆုိမယ့္ One Stop Centre ေတြဖြင့္လွစ္ကာ သက္ဆုိင္ရာအဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းၿပီး ေစလႊတ္သြားမွာျဖစ္တယ္လို႔ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းရွိန္ကေျပာပါတယ္။

လက္ရွိထုိင္းနုိင္ငံမွာ လုပ္သားလိုအပ္ခ်က္ ေျခာက္ေသာင္းေက်ာ္လုိအပ္ေနတာျဖစ္ပါတယ္။ ထုိင္းနုိင္ငံငါး ဖမ္းစက္ေလွေတြမွာ အလုပ္လုပ္ကုိင္မယ့္ ေရလုပ္သားေတြကုိ အလုပ္ႀကမ္းအတြက္ လုပ္ခလစာ အေနနဲ႔ ထိုင္းဘတ္ေငြ ၁၀၀၀၀ ကေန ၁၂၀၀၀ ထိ သတ္မွတ္ထားတာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းငါးဖမ်းရေလုပ်ငန်းတွေမှာ မြန်မာလုပ်သားတွေ အခုလအတွင်း စေလွှတ်မယ်

ထိုင်းနိုင်ငံငါးဖမ်းလှေရေလုပ်ငန်းမှာ မြန်မာလုပ်သား လေးသောင်းကျော်ကို လာမယ့်စက်တင်ဘာလ ၂၂ရက်နေ့က စတင်ပြီးတရားဝင်ခွင့်ပြုတော့မှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်က မီဒီယာတွေနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်တာဖြစ်ပါတယ်။

တရားဝင်စေလွှတ်ခွင့်ပြုတော့မှာဖြစ်တာကြောင့် ထိုင်းနိုင်ငံ ရနောင်းနဲ့မြန်မာနိုင်ငံဘက်ရှိကော့သောင်းတော့မှာ နှစ်နိုင်ငံ One Stop Centre တွေ ဖွင့်လှစ်ပြီး စေလွှတ်သွားမှာဖြစ်ပါတယ်။

အဲဒီလိုစေလွတ်ရာတဲ့အခါမှာ ထိုင်းနိုင်ငံရှိ ရနောင်းဘက်မှာတော့ ရေလုပ်သားပေါင်းစည်းရေးနဲ့ ပြန်လည် လက်ခံရေး စခန်းတွေဖွင့် လှစ်မှာဖြစ်ပြီးမြန်မာနိုင်ငံဘက် ကော့သောင်းမှာတော့ စေလွှတ်မယ့် ရေလုပ်သား တွေကို စာချုပ်ချုပ်ဆိုမယ့် One Stop Centre တွေဖွင့်လှစ်ကာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး စေလွှတ်သွားမှာဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ လုပ်သားလိုအပ်ချက် ခြောက်သောင်းကျော်လိုအပ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံငါး ဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်မယ့် ရေလုပ်သားတွေကို အလုပ်ကြမ်းအတွက် လုပ်ခလစာ အနေနဲ့ ထိုင်းဘတ်ငွေ ၁၀ဝ၀ဝ ကနေ ၁၂၀ဝ၀ ထိ သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)