
0
231




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

MLM လုပ်ငန်း လုပ်ကိုင်ကြောင်း တွေ့ရှိရင် ဥပဒေအရ အရေးယူမယ်

ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) လုပ်ကိုင် ဆောင်ရွက်နေတာကို စုံစမ်းတွေ့ရှိရင် ဥပဒေအရ အရေးယူမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မနေ့က စက်တင်ဘာ ၁၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံတော် အစိုးရအဖွဲ့က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက “ဆင်းပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) နှင့် စပ်လျဉ်း၍ တားမြစ်ခြင်း” အမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အမိန့်ကြော်ငြာစာ ထုတ်ပြန်တဲ့ နေ့ကစလို့ အာဏာသက်ရောက်မြှ ဖြစ်ပြီး တားမြစ်ထားတဲ့ MLM လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေတာ စုံစမ်းတွေ့ရှိရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)