လူေမွာင္ခို သြင္းမႈေတြေၾကာင့္ မေလးရွားနယ္စပ္ လံုၿခံဳေရး တင္းက်ပ္

0
402

မေလးရွားႏိုင္ငံ၊ ကလန္တန္ ျပည္နယ္မွာ လူေမွာင္ခိုသြင္းမႈ ၁၀၀ ေက်ာ္ ေတြ႔ရွိရၿပီးေနာက္ ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္ကေန တရားမဝင္ ဝင္ေရာက္လာတဲ့ မြတ္စလင္ေတြကို တားဆီးဖို႔ မေလးရွား-ထိုင္း နယ္စပ္မွာ လံုၿခံဳေရး တင္းက်ပ္လိုက္ပါတယ္။

ေဂ်လီကေန တမ္ပတ္ကိုသြားတဲ့ နယ္စပ္ကေန လူေမွာင္ခို သြင္းလာမႈ ၁၃၀ ကေန ၁၅၀ အထိ ေတြ႔ရွိရပါတယ္၊ ဒီ ဧရိယာမွာ လံုၿခံဳေရးကို တင္းက်ပ္ထားၿပီး ေစာင့္ၾကည့္ေနပါတယ္လို႔ ျပည္နယ္ရဲမႉး ဟာဆာႏူဒင္ ဟတ္ဆန္က စက္တင္ဘာ ၁၈ ရက္ေန႔မွာ ေျပာပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ကေန ခိုးဝင္လိုသူေတြဟာ ထိုင္းကိုျဖတ္ၿပီး မေလးရွားကို လာေရာက္ၾကတာ ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက ထိုင္းရဲေတြက လူကုန္ကူးမႈ အထူးစီမံခ်က္အေနနဲ႔ တိုက္ဖ်က္ခဲ့ဖူးပါတယ္။
……………………………..။ ။………………………………..

လူမှောင်ခို သွင်းမှုတွေကြောင့် မလေးရှားနယ်စပ် လုံခြုံရေး တင်းကျပ်

မလေးရှားနိုင်ငံ၊ ကလန်တန် ပြည်နယ်မှာ လူမှောင်ခိုသွင်းမှု ၁၀ဝ ကျော် တွေ့ရှိရပြီးနောက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မွတ်စလင်တွေကို တားဆီးဖို့ မလေးရှား-ထိုင်း နယ်စပ်မှာ လုံခြုံရေး တင်းကျပ်လိုက်ပါတယ်။

ဂျေလီကနေ တမ်ပတ်ကိုသွားတဲ့ နယ်စပ်ကနေ လူမှောင်ခို သွင်းလာမှု ၁၃၀ ကနေ ၁၅၀ အထိ တွေ့ရှိရပါတယ်၊ ဒီ ဧရိယာမှာ လုံခြုံရေးကို တင်းကျပ်ထားပြီး စောင့်ကြည့်နေပါတယ်လို့ ပြည်နယ်ရဲမှူး ဟာဆာနူဒင် ဟတ်ဆန်က စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လိုသူတွေဟာ ထိုင်းကိုဖြတ်ပြီး မလေးရှားကို လာရောက်ကြတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထိုင်းရဲတွေက လူကုန်ကူးမှု အထူးစီမံချက်အနေနဲ့ တိုက်ဖျက်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)