ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုင္ငံေတာ္ အေျချပမိန္႔ခြန္း ေကာက္ႏုတ္ခ်က္

0
326

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ စက္တင္ဘာ ၁၉ ရက္ေန႔ ေနျပည္ေတာ္မွာ ႏိုင္ငံေတာ္ အေျချပမိန္႔ခြန္းကို ေျပာၾကားသြားပါတယ္။ သံတမန္ေတြလည္း တက္ေရာက္တဲ့ ဒီေန႔ အခမ္းအနားမွာ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားသြားတဲ့ မိန္႔ခြန္းထဲက အခ်က္အလက္တခ်ိဳ႕ကို ေကာက္ႏုတ္ ေဖာ္ျပလိုက္ပါတယ္။

ျမန္မာႏိုင္ငံဟာ အေျခအေန ႐ႈပ္ေထြးတဲ့ ႏိုင္ငံတစ္ခုျဖစ္တယ္၊ အခ်ိန္တိုအတြင္းမွာ စိန္ေခၚမႈေတြ အားလံုးကို ေက်ာ္လႊားႏိုင္မယ္လို႔ လူေတြက ေမွ်ာ္လင့္ေနၾကတယ္။

ျပည္တြင္း ပဋိပကၡေတြ ႏွစ္ေပါင္း ၇၀ နီးပါး ၾကာျမင့္ၿပီးေနာက္မွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ တခ်ိဳ႕တဝက္ ေဆာင္ရြက္ႏိုင္ခဲ့တယ္။

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အားလံုးကို ႐ႈတ္ခ်ပါတယ္။ည ၿငိမ္းခ်မ္းေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို အေလးထား လုပ္ေဆာင္သြားမယ္။

ႏိုင္ငံတကာက ရခိုင္ျပည္နယ္ အေရး စိစစ္မွာကို ျမန္မာက မေၾကာက္ပါဘူး။ ရခိုင္ျပည္နယ္မွာ ေရရွည္အတြက္ ရလဒ္ထြက္ဖို႔ အေလးေပး ေဆာင္ရြက္မယ္။

ရခိုင္ျပည္နယ္မွာ ဒုကၡခံစားရသူ အားလံုးအတြက္ အမ်ားႀကီး စိတ္မေကာင္းျဖစ္ရပါတယ္၊ ဘဂၤလားေဒ့ရွ္ဘက္ကို မြတ္စလင္ေတြ ထြက္ေျပးတဲ့ သတင္းေတြ ၾကားရတဲ့အတြက္ စိတ္ပူပန္မိပါတယ္။

ဘာေၾကာင့္ ဒီလို ထြက္ေျပးရသလဲဆိုတဲ့ အေၾကာင္းရင္းကို ရွာခ်င္ပါတယ္။ ထြက္ေျပးတဲ့သူေတြနဲ႔လည္း ေတြ႔ဆံုစကားေျပာခ်င္ပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ရရွိေစဖို႔၊ ရခိုင္ျပည္နယ္ရွိ လူ႔အဖြဲ႔အစည္းေတြမွာ သဟဇာတ ျဖစ္ေစဖို႔ အစိုးရက တတ္ႏိုင္သမွ် အကုန္ လုပ္ေဆာင္ေနပါတယ္။

ရခိုင္ျပည္နယ္ကေန မြတ္စလင္ေတြ အကုန္ထြက္ေျပးတာလည္း မဟုတ္ပါဘူး။ မြတ္စလင္ရြာေတြ အမ်ားႀကီး ရွိပါတယ္။ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို လာေရာက္ ေလ့လာဖို႔ ဖိတ္ခ်င္ပါတယ္။

ေကာ္မတီတစ္ရပ္ကို ဦးေဆာင္ဖို႔ ေဒါက္တာ ကိုဖီအာနန္ ကို ဖိတ္ေခၚခဲ့ၿပီး ရခိုင္ျပည္နယ္ ျပႆနာ ေရရွည္ေျဖရွင္းဖို႔ အကူအညီ ေတာင္းခံခဲ့ပါတယ္။

စြပ္စြဲမႈေတြ၊ တန္ျပန္ စြပ္စြဲမႈေတြ ရွိပါတယ္။ အားလံုးကို နားေထာင္ၿပီး လူမ်ိဳး၊ ဘာသာ မခြဲျခားပဲ ျပႆနာ ဖန္တီးသူကို အျပစ္ေပးရပါမယ္။

ျပႆနာ ျဖစ္ေနတဲ့ ေနရာကြက္ကြက္ကေလးကိုသာ မၾကည့္ဘဲ ကမာၻအေနနဲ႔ ျမန္မာတစ္ႏိုင္ငံလံုးကို ၿခံဳၾကည့္ေစခ်င္ပါတယ္။

ေနရပ္ျပန္လိုတဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံဖို႔ ျမန္မာႏိုင္ငံက ျပင္ဆင္ေနပါတယ္။

ဘာသာေရး၊ လူမ်ိဳးစုအေရးေၾကာင့္ ကြဲျပားတဲ့ႏိုင္ငံတစ္ခုအျဖစ္ ျမန္မာႏိုင္ငံကို မျဖစ္ေစလိုပါဘူး။ အမုန္းတရားနဲ႔ ေၾကာက္ရြံမႈက အေၾကာင္းခံေတြ ျဖစ္ပါတယ္။
……………………………..။ ။ …………………………….

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း ကောက်နုတ်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နေပြည်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပြောကြားသွားပါတယ်။ သံတမန်တွေလည်း တက်ရောက်တဲ့ ဒီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ မိန့်ခွန်းထဲက အချက်အလက်တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အခြေအနေ ရှုပ်ထွေးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ အချိန်တိုအတွင်းမှာ စိန်ခေါ်မှုတွေ အားလုံးကို ကျော်လွှားနိုင်မယ်လို့ လူတွေက မျှော်လင့်နေကြတယ်။

ပြည်တွင်း ပဋိပက္ခတွေ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်ပြီးနောက်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တချို့တဝက် ဆောင်ရွက်နိုင်ခဲ့တယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ရှုတ်ချပါတယ်။ည ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထား လုပ်ဆောင်သွားမယ်။

နိုင်ငံတကာက ရခိုင်ပြည်နယ် အရေး စိစစ်မှာကို မြန်မာက မကြောက်ပါဘူး။ ရခိုင်ပြည်နယ်မှာ ရေရှည်အတွက် ရလဒ်ထွက်ဖို့ အလေးပေး ဆောင်ရွက်မယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခခံစားရသူ အားလုံးအတွက် အများကြီး စိတ်မကောင်းဖြစ်ရပါတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို မွတ်စလင်တွေ ထွက်ပြေးတဲ့ သတင်းတွေ ကြားရတဲ့အတွက် စိတ်ပူပန်မိပါတယ်။

ဘာကြောင့် ဒီလို ထွက်ပြေးရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာချင်ပါတယ်။ ထွက်ပြေးတဲ့သူတွေနဲ့လည်း တွေ့ဆုံစကားပြောချင်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိစေဖို့၊ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းတွေမှာ သဟဇာတ ဖြစ်စေဖို့ အစိုးရက တတ်နိုင်သမျှ အကုန် လုပ်ဆောင်နေပါတယ်။

ရခိုင်ပြည်နယ်ကနေ မွတ်စလင်တွေ အကုန်ထွက်ပြေးတာလည်း မဟုတ်ပါဘူး။ မွတ်စလင်ရွာတွေ အများကြီး ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို လာရောက် လေ့လာဖို့ ဖိတ်ချင်ပါတယ်။

ကော်မတီတစ်ရပ်ကို ဦးဆောင်ဖို့ ဒေါက်တာ ကိုဖီအာနန် ကို ဖိတ်ခေါ်ခဲ့ပြီး ရခိုင်ပြည်နယ် ပြဿနာ ရေရှည်ဖြေရှင်းဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။

စွပ်စွဲမှုတွေ၊ တန်ပြန် စွပ်စွဲမှုတွေ ရှိပါတယ်။ အားလုံးကို နားထောင်ပြီး လူမျိုး၊ ဘာသာ မခွဲခြားပဲ ပြဿနာ ဖန်တီးသူကို အပြစ်ပေးရပါမယ်။

ပြဿနာ ဖြစ်နေတဲ့ နေရာကွက်ကွက်ကလေးကိုသာ မကြည့်ဘဲ ကမ္ဘာအနေနဲ့ မြန်မာတစ်နိုင်ငံလုံးကို ခြုံကြည့်စေချင်ပါတယ်။

နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံဖို့ မြန်မာနိုင်ငံက ပြင်ဆင်နေပါတယ်။

ဘာသာရေး၊ လူမျိုးစုအရေးကြောင့် ကွဲပြားတဲ့နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံကို မဖြစ်စေလိုပါဘူး။ အမုန်းတရားနဲ့ ကြောက်ရွံမှုက အကြောင်းခံတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)