
0
341




………………….။ ။ …………………..

မွတ်စလင်ရွာ ထက်ဝက်ဟာ ပဋိပက္ခကြောင့် သက်ရောက်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်ပြည်နယ် ပဋိပက္ခမှာ မွတ်စလင် ကျေးရွာ ထက်ဝက်လောက်မှာ ဘာသက်ရောက်မှုမှ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်မှာ ပြောကြားတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ထွက်ပြေးတဲ့ မွတ်စလင် ၄ သိန်း ၁ သောင်းရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ နယ်မြေရှင်းလင်းရေး မလုပ်တော့ပေမယ့် မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ဘာကြောင့် ထွက်ပြေးနေသလဲဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်သွားပါတယ်။

သံတမန်တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ သွားရောက်လေ့လာချင်ရင် စီစဉ်ပေးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)