ကျပ်သိန်း ၅ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက် ခဲယမ်းတွေ ဖမ်းဆီးရမိ

0
701

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတွမ်းမြို့နယ်အတွင်း ငွေကျပ် သိန်း ၅၂၀၀ တန်းဖိုရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက် ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပူနားကိုကျေးရွာရဲ့အရှေ့ မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ တောင်ယာတဲဟောင်းအနီး အရောက်မှာ ခြုံ အတွင်းဝှက်ထားတဲ့ ဆာလာအိတ် ၆ အိတ်နဲ့ရေခဲပုံး ၁ ပုံး တွေ့ရှိလို့ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ ပွိုင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၄၆ တောင့်၊ အမ်-၂၂ ကျည် ၇၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၃ တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၉၀၀၀ ပြား၊ စပွန်ဆာပုလင်း ၃၄ လုံးအတွင်းက ဘိန်းဖြူအမှုန့် ၀ ဒသမ ၃၅ ကီလိုဂရမ်၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည် ပုလင်း ၂၀ လုံး (ခန့်မှန်း ၈ လီတာခန့်)၊ တံဆိပ်တုံးမျိုးစုံ ၃၇ ခုနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီနေရာ အနီးတစ်ဝိုက်ကို ထပ်မံရှာဖွေရာ တောင်ယာတဲ ၁ လုံးအား ထပ်မံတွေ့ရှိရပြီး ဝါးကြမ်းခင်းအောက်ရှိ ဆာလာအိတ်အတွင်း ၁၂ ဗို့ကျည် ၂၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၁ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၀၀ ပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

သိမြးဆညြးရမိ ခန့မြှနြးတနဖြိုးငှေ ကပွသြိနြး ၅၂၀၀ ကွောတြနဖြိုးရှိ မူးယဈဆေးဝါးမွား၊ လကနြကြ၊ ခဲယမြးမွားနဲ့ မူးယဈဆေးဝါး ခကွလြုပရြာမှာ အသုံးပှုတဲ့ ဆကစြပပြဈစညြးတှကေို သကဆြိုငရြာကို စနဈတကွ လှှဲပှောငြးအပနြှံသှားမယလြို့ သတငြးထုတပြှနခြကွမြှာ ရေးသားထားပါတယြ။

___________________

___________________


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတွမ်းမြို့နယ်အတွင်း ငွေကျပ် သိန်း ၅၂၀၀ တန်းဖိုရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက် ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပူနားကိုကျေးရွာရဲ့အရှေ့ မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ တောင်ယာတဲဟောင်းအနီး အရောက်မှာ ခြုံ အတွင်းဝှက်ထားတဲ့ ဆာလာအိတ် ၆ အိတ်နဲ့ရေခဲပုံး ၁ ပုံး တွေ့ရှိလို့ စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးရာမှာ ပွိုင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၄၆ တောင့်၊ အမ်-၂၂ ကျည် ၇၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၃ တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၉၀၀၀ ပြား၊ စပွန်ဆာပုလင်း ၃၄ လုံးအတွင်းက ဘိန်းဖြူအမှုန့် ၀ ဒသမ ၃၅ ကီလိုဂရမ်၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည် ပုလင်း ၂၀ လုံး (ခန့်မှန်း ၈ လီတာခန့်)၊ တံဆိပ်တုံးမျိုးစုံ ၃၇ ခုနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီနေရာ အနီးတစ်ဝိုက်ကို ထပ်မံရှာဖွေရာ  တောင်ယာတဲ ၁ လုံးအား ထပ်မံတွေ့ရှိရပြီး ဝါးကြမ်းခင်းအောက်ရှိ ဆာလာအိတ်အတွင်း ၁၂ ဗို့ကျည် ၂၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၁ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၀၀ ပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သက်ဆိုင်ရာကို စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)