ဖိလစ်ပိုင်ကနေ မြန်မာနိုင်ငံသား ၈၁ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်

0
326

နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေ ရပ်ဆိုင်းထားလို့ ဖိလစ်နိုင်ငံမှာ အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံသား ၈၁ ဦးကို Air Asia Philippines ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိပါတယ်။

သူတို့ဟာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ သီးခြားသတ်မှတ်ပေးထားတဲ့နေရာ ဒါမှမဟုတ် သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အသီးသီး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

နိုင်ငံတကာရောက် အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လည်ခေါ်ယူရေးကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာနိုင်ငံ သံရုံးတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အခုအခါ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ UAE, ကာတာ၊ အီတလီ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၀၁၇ ဦးကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံ ပြန်ခေါ်ခဲ့ပြီး ဖြစ်ပါတယ်။

_______________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)