ဗီယက်နမ် အလှကုန် ကုမ္ပဏီတွေ မြန်မာ့ဈေးကွက်ကို မျက်စိကျ

0
389

မြန်မာနိုင်ငံဟာ အလှကုန်နဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံဖို့နဲ့ အလှကုန်တွေ တင်ပို့ဖို့ ဗီယက်နမ် ကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ ဗီယက်နမ် စီးပွားရေးသမားတွေက ပြောကြပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ဗီယက်နမ် အသင်း အထွေထွေ အတွင်းရေးမှူး ဟာသီသန်ဘင်က မြန်မာပြည်ကို ဝင်လာတဲ့ နိုင်ငံခြားသား ခရီးသည်တွေ အလွန်များပြားနေကြောင်း၊ ကမ္ဘာ့အဆင့်မီ ဟိုတယ်ကြီးတွေလည်း ရှိလာပေမယ့် Spa ဝန်ဆောင်မှု ပေးတဲ့ ကြယ်ငါးပွင့်ဟိုတယ် နည်းနေသေးကြောင်းနဲ့ ဗီယက်နမ် အနေနဲ့ အဆင့်မြင့်တဲ့ Spa ဝန်ဆောင်မှုပေးဖို့ ကြိုးစားသင့်ကြောင်း ပြောပါတယ်။

မြန်မာဈေးကွက်မှာ ဆပ်ပြာမှုန့်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့ နေလောင်ကာကွယ်တဲ့ လိမ်းဆေး ထုတ်ကုန်တွေ လိုအပ်ချက် မြင့်တက်နေကြောင်းလည်း သူမက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြား ကုမ္ပဏီတွေ တိုက်ရိုက်ရောင်းချခွင့် မရှိတဲ့အတွက် ဗီယက်နမ် ကုမ္ပဏီတွေဟာ မြန်မာ စီးပွားရေးလုပ်ငန်းတွေနဲ့ တွဲဖက်ပြီး အလှကုန် ပစ္စည်းတွေကို မိတ်ဆက်နိုင်ကြောင်းလည်း သူမက အကြံပြုပါတယ်။

Beauty Cosmedica မဂ္ဂဇင်း အယ်ဒီတာ လီယွန် အန်း ဆူယန် ဂျယ်ရယ်မီက အလှကုန်ပစ္စည်းပြပွဲတွေ မြန်မာနဲ့ ကမ္ဘောဒီးယားမှာ မိတ်ဆက်ပြသမယ်လို့ ပြောပါတယ်။

Beauty Connect Expo ကို မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပဖို့ စီစဉ်ထားပြီး ဗီယက်နမ်ကုမ္ပဏီ ၅၀ ကနေ ၈၀ အထိ ပါဝင်လာဖို့နဲ့ စီးပွားရေးသမား ၃ ထောင်လောက် လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)