အောင်ဆန်းစုကြည်နှင်းဆီ မျိုးစိတ်သစ်ကို ယူနန် စိုက်ပျိုးရေး တက္ကသိုလ်က ၄ နှစ်ကြာ ဖန်တီးခဲ့

0
317

အောင်ဆန်းစုကြည်နှင်းဆီ (Aung San Suu Kyi Rose) လို့ အမည်ပေးထားတဲ့ နှင်းဆီ မျိုးစိတ်သစ်ကို ယူနန် စိုက်ပျိုးရေး သိပ္ပံ အကယ်ဒမီရှိ ပန်းမျိုးစိတ်များ အင်စတီကျုက ၄ နှစ်ကြာအောင် မျိုးစပ် ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ၊ ကူမင်း ခရီးစဉ်အတွင်း နှင်းဆီပန်း မျိုးစိတ်သစ် အမည်ပေးအပ်ပွဲကို ကျင်းပခဲ့ပါတယ်။

အောင်ဆန်းစုကြည်နှင်းဆီကို ယူနန် စိုက်ပျိုးရေး သိပ္ပံ အကယ်ဒမီက ပညာရှင်တွေက တရုတ် နှင်းဆီပင်မျိုးစိတ် နှစ်ခုကနေ ပေါင်းစပ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလကနေ စပြီး နှင်းဆီ မျိုးစိတ်သစ်ကို စတင် ဖန်တီးခဲ့တာ ၄ နှစ်အကြာမှာမှ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အမည်ပေးပွဲ အခမ်းအနားမှာ ယူနန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းအမည်လက်မှတ် ပေးအပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နှင်းဆီပင်ကို ရေလောင်းပေးကာ နှင်းဆီပန်းအမည်ကို စိုက်ထူပါတယ်။

နှင်းဆီပန်းရဲ့ အရောင်ဟာ သိပ်လှတယ်၊ သိပ် သိမ်မွေ့တယ်၊ ခေါင်းမှာ ပန်လို့ လှမယ့်ပုံပဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ သူမက ဆက်လက်ပြီး ဒီနှင်းဆီပန်းကို အိမ်က ခြံထဲမှာ စိုက်ထားမယ်၊ ဒီနှင်းဆီဟာ မြန်မာနဲ့ တရုတ်အကြား ချစ်ကြည်မှုရဲ့ သက်သေ ဖြစ်ပါစေလို့လည်း ပြောခဲ့ပါတယ်။

ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းရတဲ့ နိုင်ငံရေးကာလတွေ အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ‘ဆူးကြားက နှင်းဆီ’ ဆိုပြီး တင်စားရေးသားခဲ့ကြဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)