သာသနာရေး ဝန်ကြီးကို ဆန္ဒပြမယ့် ကိစ္စ နေပြည်တော် မဘသက မသက်ဆိုင်ကြောင်း ကြေညာ

0
348

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးအောင်ကိုအား ကန့်ကွက် ဆန္ဒပြဖို့ နေပြည်တော်ကို လာနေတဲ့ မန္တလေးက ရဟန်းနဲ့ မဘသ အဖွဲ့ဝင်တွေဟာ နေပြည်တော် မဘသနဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မေလ ၂၀ မှာ ပြုလုပ်မယ့် သာသနာရေးဝန်ကြီးကို ကန့်ကွက်ပွဲဟာ နေပြည်တော်တိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့ မသက်ဆိုင်ကြောင်း၊ လူအင်အား၊ ငွေအင်အား လုံးဝ ကူညီမှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်းတွေမှာ ဆန္ဒပြအဖွဲ့တွေ တည်းခိုမယ်ဆိုတာကို ကျောင်းထိုင် ဆရာတော်တွေ မသိရှိသလို၊ သဘောတူ ခွင့်ပြုထားခြင်းလည်း မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးက ရဟန်းသံဃာ ၃၀ နဲ့ မဘသ အဖွဲ့ဝင် ၁၀၀ ခန့် နေပြည်တော်ကို ဒီနေ့ သွားနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)