ပါတီ ၁၃ ခု တိုင်ကြားချက် ပယ်ချမှုအပေါ် တရားမျှတမှု မရှိဘူးလို့ ကြံ့ခိုင်ရေးပါတီပြော

0
326

ပါတီ ၁၃ ခုနဲ့ လူပုဂ္ဂိုလ် ၁၄ ဦးတို့က NLD ပါတီ ခေါင်းဆောင်တွေကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တယ် ဆိုပြီး တိုင်ကြားချက်နဲ့ ပတ်သက်လို့ အရေးယူဖို့ မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ ကြံ့ခိုင်ရေးပါတီက တုံ့ပြန်လိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် (ဓာတ်ပုံ – Nandar Hla Myint / Facebook)

“UEC (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်) က ဒီလို ဆုံးဖြတ်ချက် ပေးလိုက်တာသည် တရားမျှတမှု မရှိဘူးလို့ ဒီလိုပဲ မြင်ပါတယ်။ ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာ နည်းလမ်း ရှာကြံရဦးမှာ ဖြစ်ပါတယ်” လို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောဆိုကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

အစိုးရ အာဏာကိုသုံးပြီး တခြားပါတီတွေထက် ခေါင်းတစ်လုံးပို ဆောင်ရွက်သွားတဲ့ ကိစ္စမျိုး ဖြစ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ မညီညွတ်ဘူး၊ ဥပဒေနဲ့ မညီညွတ်ဘူးလို့လည်း သူက ဆက်လက် ပြောဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကလည်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ် ဖြစ်တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လမ်းကြောင်းကိုတော့ ရှေ့ဆက်ပြီး သွားလို့ မရတော့ဘူး။ သို့သော် အခြားလမ်း ကြောင်းတွေနဲ့ ဒီကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ခိုင်မာမှု ဘယ်လောက်ရှိသလဲ ဆိုတာကို စမ်းသပ်ရမဲ့ အချိန်ဆိုတာ ဒီဖြစ်ရပ် ကနှိုးဆော်လိုက်ပြီ” လို့ ကြံ့ခိုင်ရေးပါတီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)