နယူးစ် ဖက်ဒရယ်တိုင်းမ် ဂျာနယ်ကို အရေးယူပေးဖို့ ကြံ့ခိုင်ရေးပါတီ တိုင်ကြား

0
270

နယူးစ် ဖက်ဒရယ်တိုင်းမ် (News Federal Times) ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဂုဏ်သိက္ခာ ထိခိုက် နစ်နာစေတယ်ဆိုပြီး အရေးယူပေးဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားပါတယ်။

မေလ ၁၄ ရက်နေ့က နယူးစ် ဖက်ဒရယ်တိုင်းမ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “ကြံ့ခိုင်ရေးပါတီအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခုံရုံးဖွဲ့ စစ်ဆေးမည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကြံခိုင်ရေးပါတီက တိုင်ကြားတာ ဖြစ်ပါတယ်။

အရင်အစိုးရ လက်ထက် တိုင်းနဲ့ ပြည်နယ် ဖွံ့ဖြိုးရေး ရန်ပုံငွေ အလွဲသုံးမှုနဲ့ အဖွဲ့အစည်း မှတ်ပုံတင်ဥပဒေအရ မတရားအသင်း အဖွဲ့ဆိုတာမျိုး စစ်လိမ့်မယ်လို့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောဆိုတာကို ကိုးကားဖော်ပြထားတဲ့ သတင်းဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီက ဦးတင်ထွန်းကို မေးမြန်းရာမှာ မမှန်ကန်ကြောင်း ဖြေကြားခဲ့လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားတာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြံ့ခိုင်ရေးပါတီ ဂုဏ်သိက္ခာ ကျဆင်းအောင်နဲ့ ပါတီဝင်တွေကြား ကြီးမားတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာအောင် မမှန်သတင်းဖော်တဲ့အတွက် မီဒီယာ ကောင်စီကနေ အရေးယူဖို့ ကနဦး တိုင်ကြားတာ ဖြစ်တယ်လို့ ဒီနေ့ မေ ၁၉ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က သူရဲ့ ဖေ့စ်ဘုတ်စာမျက်မှာမှာ ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)