မသန်စွမ်းသူများ အကျုံးဝင် ရွေးကောက်ပွဲဆိုင်ရာ မီဒီယာဆု ပြိုင်ပွဲအတွက် ဖိတ်ခေါ်

0
231

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရဲ့ (၆) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မသန်စွမ်းသူများ အကျုံးဝင် ရွေးကောက်ပွဲဆိုင်ရာ (YUSDIANA) မီဒီယာဆု ဖိတ်ခေါ်ပြိုင်ပွဲအတွက် စာမူတွေ ပေးပို့ဖို့ ဖိတ်ခေါ်နေပါတယ်။

မသန်စွမ်းသူတွေနဲ့ ပတ်သက်ပြီး သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံတွေ ပေးပို့ယှဉ်ပြိုင်နိုင်ပါတယ်။ သတင်းဆု၊ ဆောင်းပါးဆု၊ ဓာတ်ပုံဆုတွေကို ပထမ၊ ဒုတိယ၊ တတိယဆိုပြီး ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်းနဲ့ တတိယဆု ကျပ် ၂ သိန်း ဖြစ်ပါတယ်။ အမှတ် (၁၇/၁၉)၊ သာယာအေးလမ်း၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ရုံးကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)