မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း (ရန်ကုန်) ရဲ့ ဆန္ဒပြခွင့် လျှောက်ထားမှု ဆက် ညှိနှိုင်းဖို့လို

0
302

 

မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း (ရန်ကုန်) က နေပြည်တော်မှာ ငြိမ်းချမ်းစွာ စုဝေးခွင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားတဲ့ ကိစ္စကို ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ညှိနှိုင်းခဲ့ပေမယ့် ဆန္ဒပြမယ့် လူဦးရေ ကန့်သတ်မှုမှာ သဘောတူညီမှု မရဘဲ ဖြစ်နေပါတယ်။

နိုင်ငံသား အခွင့်အရေးဆိုပေမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလဖြစ်တဲ့အတွက် ဒေသဆိုင်ရာ လိုအပ်ချက်အရ မနေ့က မေလ ၁၈ ရက်နေ့မှာ ဆန္ဒပြဖို့ လျှောက်ထားသူ မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း (ရန်ကုန်) က ဦးကျော်မျိုးသက်နဲ့ ဥတ္တရသီရိ ထွေအုပ်ရုံးတို့ တွေ့ဆုံညှိနှိုင်းရတာ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေးတို့ကနေ ဆန္ဒပြသူတွေ နေပြည်တော်ကို ဝင်ရောက်မယ့် လမ်းကြောင်း၊ ဆန္ဒပြချိန် ၂ နာရီထက် မပိုရေး၊ ပိုစတာ၊ ဆိုင်းဘုတ်နဲ့ ကြွေးကြော်သံ စာသားကိစ္စတွေ သဘောတူညီမှု ရခဲ့ပေမယ့် ဆန္ဒပြမယ့် လူအင်အားကိစ္စမှာ ညှိနှိုင်းလို့ မရခဲ့ကြပါဘူး။

တာဝန်ရှိသူတွေက ဆန္ဒပြမယ့် အင်အားကို ၃၀၀ လို့ သတ်မှတ်ပေမယ့် ဦးကျော်မျိုးသက်နဲ့ အဖွဲ့က ၁ သောင်းခွဲလို့ တောင်းဆိုတဲ့အတွက် ဖြစ်ပါတယ်။

(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် ဒေသဆိုင်ရာ လိုအပ်ချက်နဲ့အညီ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုပြီး ဥတ္တရခရိုင် ထွေအုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)