အာဆီယံ တပ်ချုပ်များ အလွတ်သဘော အစည်းအဝေး ကျင်းပ

0
302

 

၁၄ ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (ACDFIM) ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မနေ့ မေလ ၁၈ ရက်နေ့က ကျင်းပပါတယ်။

ဆိုဖီတယ် ဟိုတယ်မှာ ကျင်းပတဲ့ အဲဒီအစည်းအဝေးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ပါတယ်။

အစည်းအဝေးမှာ သဘာပတိအဖြစ် ဖိလစ်ပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Eduardo M.Ano က ဆောင်ရွက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့တောင်အာရှ ဒေသတွင်း ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ACDFIM အစည်းအဝေးကို မေလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)