နိုင်ငံတော်သမ္မတနဲ့ဇနီးတို့က နှစ်သစ်ကူးမင်္ဂလာအဖြစ် သုံးခွမြို့မှာ သက်ကြီးပူဇော်

0
296

 ဒီကနေ့မနက်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့က မိသားစုနှစ်သစ်ကူး မင်္ဂလာ အဖြစ်သက်ကြီး ပူဇော်ပွဲအလှူတော်မင်္ဂလာကိုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကိုနိုင်ငံတော်သမ္မတကတော်ဒေါ်စုစုလွင်ရဲ့ဇာတိဖြစ်တဲ့ သုံးခွမြို့က မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့တာပါ။

ဒီအခမ်းအနားမှာ နိုင်ငံတော်သမ္မတသီးထင်ကျော် ဇနီးဖြစ်သူရဲ့ဆွေမျိုးတွေနဲ့ ပရိတ်သက်တွေက သုံးခွမြို့နယ် သြ၀ါဒစရိယ စစ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒထံက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သုံးခွမြို့နယ် အတွင်းက အသက် (၈၀) နှစ်နှင့်အထက် အဘိုးအဘွား ထောင်ငါးရာကျော်တို့ကိုယ်စား အဘိုးအဘွား (၁၁၅) ဦးတို့ကို သက်ကြီးပူဇော်ပွဲ မင်္ဂလာအဖြစ် ပူဇော် ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ရဲ့ နှစ်သစ်ကူးအလှူတော် မင်္ဂလာကို ၂၀၁၂ ခုနှစ် ကတည်းက သုံးခွမြို့မှာနှစ်စဉ် လှူဒါန်းခဲ့ပြီး ယခုအကြိမ်က ငါးကြိမ်မြောက် အလှူတော်မင်္ဂလာဖြစ်ပါတယ်..။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)