သင်္ကြန်ကာလအတွင်း သေဆုံးသူ ၂၈၅ ဦးရှိ

0
278

သင်္ကြန်ကာလအတွင်းမှာ သင်္ကြန်နဲ့ ပတ်သက်ပြီးရော မပတ်သက်ဘဲ တခြားအမှုနဲ့ သေဆုံးသူရော စုစုပေါင်း ၂၈၅ ဦး ရှိခဲ့ပါတယ်။

စုစုပေါင်း မှုခင်း ဖြစ်ပွားမှု ၁၂၀၀ ရှိပါတယ်။ အဲဒီထဲမှာမှ သင်္ကြန် အကြိုနေ့ကနေ အတက်နေ့အထိ သင်္ကြန်နဲ့ ဆက်စပ်တဲ့ အမှု ၂၀၈ မှု၊ သေဆုံးသူ ၁၆ ဦး၊ ဒဏ်ရာရသူ ၁၉၄ ဦး ရှိပါတယ်။

သင်္ကြန်နဲ့ မသက်ပတ်တဲ့ အမှုတွေက ၉၉၂ မှုရှိပြီး သေဆုံးသူ ၂၆၉ ဦး၊ ဒဏ်ရာရသူ ၉၇၉ ဦး ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က သင်္ကြန်ကာလမှာ အမှုပေါင်း ၉၆၇ မှု ဖြစ်ပွားပြီး သေဆုံးသူ ၂၇၂ ဦး၊ ဒဏ်ရာရသူ ၁၀၈၆ ဦး ရှိခဲ့တဲ့အနက် အများဆုံးဖြစ်ပွားတဲ့အမှုကတော့ ယာဉ်တိုက်မှု ဖြစ်ပြီး ၃၅၉ မှု ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)