မြန်မာနိုင်ငံရဲ့ လက်ရှိတရားရုံးတွေဟာ မဟော်သဓာခေတ်ကပုံစံမျိုးဖြစ်နေသလား ဗဟိုတရားရုံးရှေ့နေ ဦးရောဘတ်စန်းအောင်ရဲ့ သုံးသပ်ချက်

0
387

၂၁၀၆ သင်္ကြန်ရဲ့ နှစ်သစ်မိန့်ခွန်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကပြည်သူများကိုပြောကြားသွားရာမှာ တရားဥပဒေမဏ္ဍိုင်နဲ့ပတ်သက်ပြီး ပြုပြင်စရာတွေ ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ အရိပ်မှာ စိတ်ချပြီးလုံလုံခြုံခြုံ နေထိုင်နိုင်ဖို့အပြင် တိုင်းပြည်တစ်ပြည်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ အဓိကအရေးကြီးပြီး မြန်မာပြည်ရဲ့ ဥပဒေကိုလည်း အစိုးရသစ်အနေနဲ့ နိုင်ငံတကာ ဥပဒေများနည်းတူ ပြောင်းလဲပြီး နိုင်ငံတကာစံနှုန်းအတိုင်း ဥပဒေများကို ချမှတ်ဖို့လိုတယ်လို့ ပြောပြသွားခဲ့ရာမှာ နိုင်ငံသားများအနေနဲ့ အတိုင်းမသိဝမ်းသာခဲ့ကြပြီး နှစ်ပေါင်း ၆၀ နီးပါး စစ်အာဏာရှင် လက်အောက်မှာ နေခဲ့ ရတဲ့ဘဝများထဲက ဒီကနေ့ ဒီအချိန်ကစပြီး ဒီမိုကရေစီ စနစ်အောက်မှာ လူ့အခွင့်အရေး အပြည့်အဝနဲ့ စိတ်ချလုံခြုံစွာနေထိုင်နိုင်ကြတော့မှာဖြစ်ပါတယ်။
နိုင်ငံတော်အကြံပေး ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ပြောကြားခဲ့တဲ့ ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များနဲ့ ပတ်သက်ပြီး ဗဟို တရားရုံးရှေ့နေလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်ကို mcn သတင်းဌာန သီးခြားဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာ မြန်မာပြည်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ တရားရေးဖက်မှာ အရေးပါတဲ့ တရားသူကြီးတွေရဲ့ ဗိုလ်ကျပြီးအာ ဏာရှင်စံတဲ့ လုပ်ရပ်တွေရှိနေဆဲဖြစ်ပြီး ပြည်တွင်းတရားရုံးများဟာလည်း နိုင်ငံတကာ တရားရုံးများနဲ့ ယှဉ်ရင် ခေတ်နောက်ကျနေခဲ့ရာမှာ မဟော်သဓာ ခေတ်ကိုပြန်ရောက်နေလား ဆိုရလောက်အောင် ဖြစ်နေကြောင်း၊ ပြည်စုံတဲ့ တရားရုံးများကို ပြည်နယ်နဲ့တိုင်းများမှာ တည်ဆောက်ပေးသင့်ပြီး ဥပဒေဝန်ထမ်းများကိုလည်း နိုင်ငံတကာမှာရှိတဲ့ ဥပဒေပညာသင်ကြားပို့ချပေးနေတဲ့ကျောင်းများ၊သင်တန်းများကို စေလွှတ်ပေးစေချင်တဲ့ အပြင် ခေတ်မှီတဲ့ တရားရေးမဏ္ဍိုင်ကြီးတစ်ခုအဖြစ် မြန်မာပြည်ရဲ့ တရားရေးမဏ္ဍိုင်ကိုတည်ဆောက်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)