ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းရေး ကွင်းဆင်းဆောင်ရွက်မှု အခြေအနေ ဆွေးနွေး

0
154

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ မတ်လ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် မြေပြင်တွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ကို အွန်လိုင်းကနေ ဆက်သွယ်ခဲ့ပြီး ကွင်းဆင်းဆောင်ရွက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ ပြန်လည်နေရာချထားဖို့ ရွေးချယ်ထားတဲ့ လက်ရှိစခန်းနဲ့ (၂) ဖာလုံအကွာရှိနေရာမှာ နေအိမ်၊ ရေနှုတ်မြောင်းတွေ၊ လမ်းနဲ့ ရေတားတမံတွေ တည်ဆောက်ရေး၊ သောက်သုံးရေနဲ့ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး ကွင်းဆင်းအဖွဲ့ဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ဖြူမြို့ခံ ရပ်မိရပ်ဖ ၇ ဦးတိုနဲ့ ထပ်မံတွေ့ဆုံညှိနှိုင်းခဲ့ကြောင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်ရန် လိုအပ်တာတွေကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ ကွင်းဆင်းဆောင်ရွက်နေတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ဟာ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)