၂၀၁၆ အကယ်ဒမီဆု ထွန်းထွန်းနဲ့ သက်မွန်မြင့်တို့ ရရှိ

0
380

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အမျိုးသား သရုပ်ဆောင်ဆုကို ထွန်းထွန်း၊ အမျိုးသမီး သရုပ်ဆောင်ဆုကို သက်မွန်မြင့်တို့က ရရှိသွားပါတယ်။

၂၀၁၆ အကယ်ဒမီ ဆုရှင်များ (ဓာတ်ပုံ – MOI/Facebook)

အကောင်းဆုံး ဇာတ်ကားဆုကို ရွှေစင်ဦးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ အုတ်ကြားမြက်ပေါက် ဇာတ်ကား၊ အကောင်းဆုံး အသံဆုကို မှော်ကျောက်စာနဲ့ အကယ်ဒမီ ဦးကြည်မင်းသိန်း၊ အကောင်းဆုံး ဂီတဆုကို လူးရတနာသိုက်နဲ့ အကယ်ဒမီ ဓိရာမိုရ်တို့က ရရှိပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ လူမင်းကလည်း ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)