စိတ်ဓာတ်တော်လှန်ရေးကြီး အောင်မြင်ရေး အနုပညာရှင်များ ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

0
298

စိတ်ဓာတ်တော်လှန်ရေးနဲ့ အပြောင်းအလဲကို ဖော်ဆောင်နေရတာ ဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားတွေ အပါအဝင် စာပေ၊ ဂီတ၊ သဘင်၊ သုခုမ အနုပညာရှင်တွေ အားလုံး ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် လေးလေးနက်နက် မေတ္တာရပ်ခံလိုက်ပါတယ်။

မတ်လ ၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသမီး ရက်သတ္တပတ် ဖိုရမ်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Myanmar State Counsellor Office)

မနေ့က မတ်လ ၁၈ ရက်ညမှာ ကျင်းပတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ သုခုမ အနုပညာတွေဟာ လူ့အဖွဲ့အစည်းတိုင်းကို လွှမ်းမိုး သြဇာ သက်ရောက်မှု ကြီးကြီးမားမားရှိကြောင်း၊ ရုပ်ရှင်ဇာတ်ကားတွေဟာ ဖျော်ဖြေရေး သက်သက်မဟုတ်တော့ဘဲ နိုင်ငံတွေရဲ့ soft power ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အလှည့်အပြောင်းမှာ အနုပညာရှင်တွေရဲ့ ပံ့ပိုးမှု အရေးကြီးကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ တိုးတက်ရေးကို ဝန်းရံ ပေးဖို့နဲ့ ပြည်သူတွေ အကြား ခွဲခြားမှု၊ အမုန်းတရား ကင်းဝေးပြီး မေတ္တာတရားတွေ တိုးတက်ဖြစ်ပေါ်လာအောင် ပံ့ပိုးပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)