စတော့အစုရှယ်ယာ ရောင်းဝယ်မှုတွေမှာ ငွေကြေးခဝါချမှုရှိလာရင် အရောင်းအ၀ယ် ဆိုင်းငံ့မယ်

0
350
MONEY
စတော့ အစုရှယ်ယာ ရောင်းဝယ်ပြုလုပ်မည့် (ပြည်ထောင်စုဘဏ်) အဆောက်အအုံအား တွေ့ရစဉ်

မြန်မာနိုင်ငံမှာ မကြာခင်စတင်တော့မယ့် စတော့ အစုရှယ်ယာ ရောင်းဝယ်မှုတွေထဲမှာ ငွေကြေး ခဝါချမှုတွေ ရှိလာရင် အရောင်းအ၀ယ်တွေကို ဆိုင်းငံ့မယ်လို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့ ကော်မရှင်က စာအမှတ် ၃/၂၀၁၆ နဲ့ ထုတ်ပြန်ကြေညာတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ ညွန်ကြားချက်မှာ အဲ့ဒီလို ဖော်ပြထားတာပါ။

ဒါအပြင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးတွေကို ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီတွေ၊ စတော့အိတ်ချိန်းတွေနဲ့ ကောင်တာဈေးကွက်တွေမှာ ဌာနတွင်းစာရင်းစစ် အဖွဲ့လို သီးခြားအဖွဲ့အစည်းထားရှိပြီး စံမံအုပ်ချုပ်ရမယ်လို့လည်း ညွှန်ကြားထားတာဖြစ်ပါတယ်။

ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီတွေအနေနဲ့ အရောင်းအဝယ်လုပ်ဆောင်မယ့် ငွေစာရင်း ပိုင်ရှင်တွေက ငွေကြေးခဝါချတယ်လို့ သံသယရှိလာခဲ့ရင် သက်သေခံလုပ်ငန်း ကြည့်ကြပ်ရေးရုံးကို အချိန်မီ သတင်းပို့ရမယ်လို့လည်း ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ရန်ကုန်စတော့အိပ်ချိန်းကိုပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ကုမဏ္ဍီ ၆ ခုနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး မတည်ငွေကျပ်သန်းပေါင်း ၃ သောင်း၂ ထောင်နဲ့ အစုရှယ်ယာဈေးကွက်ကို စတင် ခဲ့တာဖြစ်ပြီး လုပ်ငန်းတွေကို လာမယ့် မတ်လ ၂၅ ရက်နေ့မှာ စတင်ပြီး အစုရှယ်ယာ အရောင်းအဝယ်တွေ စတင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခ၀ါချမှုပေါင်း ၇၀ ကျော်ကို အရေးယူစစ်ဆေးခဲ့ပြီး ကျပ်သန်း ပေါင်း ၂၀၀၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရကတော့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကနေ တရားမ၀င်ငွေကြေးစီးဆင်းမှု အမေရိကန်ဒေါ်လာ လီလျံ ၁၀၀ အထက်မှာ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)