စက်တင်ဘာ ၂၉ရက်နေ့ ညက နေပြည်တော် Junction အနီးက ဖြစ်ခဲ့တဲ့အမှုကို ပြစ်ဒဏ်တွေအသီးသီးချမှတ်

0
345

နေပြည်တော်ရှိ Junction စင်တာအနီးမှာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၂၉ရက်နေ့ ညက မိန်းကလေးတစ်ဦးနဲ့ သူရဲ့ခင်ပွန်းသည်ကို အတင်းအဓမ္မခေါ်ဆောင်သွားပြီး မိန်းကလေးဖြစ်သူကို မုဒိမ်းကျင့်ပြီး ခင်ပွန်းသည်ကို သတ်ဖြတ်ခဲ့သူတွေကို ပြစ်ဒဏ်တွေအသီးသီးချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေ တရားခံ အောင်တင်မျိုး(ခေါ်)အောင်၊ ကျော်မောင်(ခေါ်)ဇော်ဇော်အောင်နဲ့ ဇော်လေး(ခေါ်)ဇော်မျိုးသူတို့ကို ဒက္ခိဏ ခရိုင်တရားရုံးက မတ်လ (၁၅)ရက်နေ့က မသေမချင်း ကြိုးကွင်းစွတ် သေဒဏ်ချမှတ်ခဲ့တာပါ။ တရားခံတစ်ဦး ဖြစ်တဲ့ အသက်(၁၅)နှစ်မပြည့်သေးသူ မောင်မျိုး(ခေါ်)မျိုးဇော်ဝင်းကိုတော့ ကလေးသူငယ်ဥပဒေပုဒ်မ (၄၆)နဲ့အညီ အမြင့်ဆုံပြစ်ဒဏ်အဖြစ် အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၈) ရက် သောကြာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)