အခွန်ငွေပေးသွင်းဖို့ ယခုဘဏ္ဍာနှစ် ကုန်ဆုံးဖို့ (၁၃)ရက်အလိုမှာ အသိပေးနှိုးဆော်ချက် ထုတ်ပြန်

0
298

နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်ငွေတွေကို ပေးသွင်းကြဖို့ ပြည်တွင်းအခွန်များဦးစီးဌာနက ယခုဘဏ္ဍာနှစ် ကုန်ဆုံးဖို့ (၁၃)ရက်အလိုမှာ အသိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၅-၂၀၁၆ ၀င်ငွေနှစ်အတွင်း လုပ်ငန်းတွေက ရရှိတဲ့ ရောင်းရငွေ ရငွေ ၀င်ငွေတွေ အပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနဲ့ ၀င်ငွေခွန်ဥပဒေတွေအရ ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင်ဝင်ငွေခွန်တွေကို မတ်(၃၁)ရက် မတိုင်မီပေးသွင်းကြဖို့ နှိုးဆော်ထားတာပါ။ သတ်မှတ်ရက်အတွင်း ပေးသွင်းဖို့ ပျက်ကွက်ပါက ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနဟာ ပြီးခဲ့ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင်တွေကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီထမှာ ကျပ်သန်း (၂၀၀၀၀)အထက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင်အဖြစ် ကမ္ဘောဇဘဏ်လီမိတက်ကို ဖော်ပြထားပြီး ကုန်သွယ်လုပ်ငန်းခွန်အတွက် DenkoTrading ကုမ္ပဏီလိမိတက်ကို ဖော်ပြထားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၈) ရက် သောကြာနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)