သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အိန္ဒိယ ရေတပ် ဦးစီးချုပ် ဆွေးနွေး

0
133

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာရမ်ဘီဆင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အပါအဝင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အိန္ဒိယ ရေတပ်ဦးစီးချုပ်တို့ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အိန္ဒိယ ရေတပ်ဦးစီးချုပ်ဟာ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။



မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာရမ်ဘီဆင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အပါအဝင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အိန္ဒိယ ရေတပ်ဦးစီးချုပ်တို့ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အိန္ဒိယ ရေတပ်ဦးစီးချုပ်ဟာ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ကာရမ်ဘီ ဆင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စတွေ ဆွေးနွေးတဲ့အပြင် အိန္ဒိယရေတပ်နဲ့ မြန်မာရေတပ်တို့ ပူးပေါင်း ဆောင်ရွက်နေမှုတွေကိုလည်း အစီရင်ခံခဲ့တယ်လို့ အိန္ဒိယရေတပ်က Twitter လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)