
0
950



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေကျပ်သိန်းပေါင်း ၉၉၆ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာ အနီးမူးယစ်ဆေးဝါး ထုတ်လုပ်နေကြောင်း သတင်းအရ နယ်မြေဖြန့်ခွဲရှင်းလင်းခဲ့ရာ ငွေကျပ်သိန်းပေါင်း ၉၉၆ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နဲ့ဆက်စပ် ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ လွယ်ခန်ကျေးရွာ ရဲ့အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ နေရာလေးခု အား ဖြန့်ခွဲရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ယာယီအဆောက်အအုံ ၃၄ လုံး၊ မီးစက်ကြီး၁၂ လုံး၊ FREEZER ၂၂ လုံး၊ အက်စစ်ပီပါ ၂၁ဝ၊ ဒီဇယ်ပီပါ ၁၆၅ လုံး၊ ဓာတ်ဆီပီပါ ၆ဝ၊ ပေါင်းအိုး ၃၂ လုံး၊ အက်စစ်ပုလင်း ၂ဝဝ ၊ နှစ်လီတာဆံ့ အက်စစ်ဘူး ၆ဝဝ၊ ကော့စတစ်ဆိုဒါ အိတ် ၇၅ဝ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ပုံး ၁၅ဝ၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၈၇၁ဝဝ၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ ဘိန်းညို ၄၃ ကီလိုဂရမ်၊ ကဖင်း ၁ဝဝ၃ဝ ကီလိုဂရမ်၊ အဖက်ဒရင်း/ဆူဒိုအဖက်ဒရင်း ၁၃၇၅ ကီလိုဂရမ်၊ အိုက်စ် ၂၅၉ ကီလို ဂရမ်၊ ဘိန်းဖြူ ၁၂ဝ ကီလိုဂရမ်နှင့် ဆက်စပ် ပစ္စည်း ၂၃ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၉၉၆ဝဝ ကျော်တို့အား ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)