စစ္ေတြ သကၠယ္ျပင္ IDP စခန္းမ်ား ပိတ္သိမ္းႏိုင္ေရး ေဆာင္ရြက္ေန

0
1054

ေျမပုံၿမိဳ႕ ေတာင္ေပၚ IDP စခန္း၊ စစ္ေတြ သကၠယ္ျပင္ IDP စခန္းမ်ား ပိတ္သိမ္းႏိုင္ေရးအတြက္ ႏိုင္ငံတကာ စံႏႈန္းမ်ားနဲ႔အညီ စတင္စီမံေဆာင္႐ြက္ေနတယ္လို႔ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေရးေကာ္မတီရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

IDP စခန္းမ်ားရွိ တဲတန္းလ်ားျပဳျပင္တည္ေဆာက္ျခင္းကို ေဆာင္႐ြက္ခဲ့ ရာစစ္ေတြၿမိဳ႕၊ ေဆးသမားႀကီး IDP စခန္းရွိ တဲတန္းလ်ား ၅၀ လုံး ျပဳျပင္မႈရမ္းၿဗဲၿမိဳ႕ ကယ္ဆယ္ေရးစခန္းရွိ တဲတန္းလ်ားမ်ားေနရာမွာလုံးခ်င္း အိမ္ရာ ၁၂ လုံး တည္ေဆာက္ေပးျခင္း၊ စစ္ေတြၿမိဳ႕နယ္ IDP စခန္းမ်ားတြင္ တဲတန္းလ်ားအသစ္ ၁၇၆ လုံး၊ အခန္းအသစ္ ၂၈၁ ခန္း ၊ ေရတုံကင္ ၄၈၂ ခု၊ အိမ္သာအသစ္ ၅၀၈ လုံးတို႔ ေဆာက္လုပ္ခဲ့တယ္လုိ႔ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

ဒါ့အျပင္ NV Card (သို႔မဟုတ္) ႏိုင္ငံသားအသိမွတ္ျပဳကတ္တစ္မ်ိဳးမ်ိဳး ကိုင္ေဆာင္ထားသူမ်ားရဲ႕ လြတ္လပ္စြာသြားလာခြင့္ႏွင့္စပ္လ်ဥ္းတဲ့ ကန္႔သတ္ခ်က္မ်ားကို ဖယ္ရွားႏိုင္ဖို႔ အခ်ိန္ကာလ နဲ႔ အေရးပါတဲ့ မွတ္တိုင္မ်ား (Milestones) ပါဝင္တဲ့ လမ္းျပေျမပုံကိုေရးဆြဲၿပီး ပထမအဆင့္အေနျဖင့္ ေမာင္ေတာခ႐ိုင္အတြင္း လြတ္လပ္စြာသြားလာႏိုင္ဖုိ႔ လုံၿခဳံေရးအစီအမံမ်ား တိုးျမႇင့္ေဆာင္႐ြက္ေပးခဲ့ပါတယ္။

တစ္ဖက္ႏွင့္တစ္ဖက္ သြားလာသူမ်ားကို ရန္ျပဳေႏွာင့္ယွက္ဟန္႔တားမႈ တစ္စုံတစ္ရာျပဳလုပ္ပါက တည္ဆဲ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ အေရးယူမယ္လို႔ က်ယ္ျပန္႔စြာ အသိေပးမႈမ်ား ေဆာင္႐ြက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေ သက္ကယ်ပြင် IDP စခန်းများပိတ်သိမ်းနိုင်ရေးဆောင်ရွက်နေ

မြေပုံမြို့ တောင်ပေါ် IDP စခန်း၊ စစ်တွေ သက္ကယ်ပြင် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် နိုင်ငံတကာ စံနှုန်းများနဲ့အညီ စတင်စီမံဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

IDP စခန်းများရှိ တဲတန်းလျားပြုပြင်တည်ဆောက်ခြင်းကို ဆောင်ရွက်ခဲ့ ရာစစ်တွေမြို့၊ ဆေးသမားကြီး IDP စခန်းရှိ တဲတန်းလျား ၅၀ လုံး ပြုပြင်မှုရမ်းဗြဲမြို့ ကယ်ဆယ်ရေးစခန်းရှိ တဲတန်းလျားများနေရာမှာလုံးချင်း အိမ်ရာ ၁၂ လုံး တည်ဆောက်ပေးခြင်း၊ စစ်တွေမြို့နယ် IDP စခန်းများတွင် တဲတန်းလျားအသစ် ၁၇၆ လုံး၊ အခန်းအသစ် ၂၈၁ ခန်း ၊ ရေတုံကင် ၄၈၂ ခု၊ အိမ်သာအသစ် ၅၀၈ လုံးတို့ ဆောက်လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် NV Card (သို့မဟုတ်) နိုင်ငံသားအသိမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားသူများရဲ့ လွတ်လပ်စွာသွားလာခွင့်နှင့်စပ်လျဉ်းတဲ့ ကန့်သတ်ချက်များကို ဖယ်ရှားနိုင်ဖို့ အချိန်ကာလ နဲ့ အရေးပါတဲ့ မှတ်တိုင်များ (Milestones) ပါဝင်တဲ့ လမ်းပြမြေပုံကိုရေးဆွဲပြီး ပထမအဆင့်အနေဖြင့် မောင်တောခရိုင်အတွင်း လွတ်လပ်စွာသွားလာနိုင်ဖို့ လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါတယ်။

တစ်ဖက်နှင့်တစ်ဖက် သွားလာသူများကို ရန်ပြုနှောင့်ယှက်ဟန့်တားမှု တစ်စုံတစ်ရာပြုလုပ်ပါက တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရေးယူမယ်လို့ ကျယ်ပြန့်စွာ အသိပေးမှုများ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)