
0
964




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ်နိုင်ငံသားများ မေ့ကျန်ခဲ့တဲ့ ကျောပိုးအိတ်ကို အငှားယာဉ်မောင်း ပြန်ပေး
အငှားယာဉ်မောင်းဖြစ်သူ ဦးအောင်ဇော်သိန်းက ယာဉ်ပေါ်မှာမေ့ကျန်ခဲ့တဲ့ ကျောပိုးအိတ်ကိုပိုင်ရှင်ဖြစ်သူ ဗီယက်နမ်နိုင်ငံသားထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
၁၈.၂.၂၀၁၈ ရက်နေ့က ဗီယက်နမ်နိုင်ငံသားများဖြစ်ကြတဲ့ Ms. HOANG THI HA ပါ (၆)ဦးတို့က လသာမြို့နယ်၊ (၁၉)လမ်းမှ ပုဇွန်တောင်မြို့နယ်သို့ အမှတ်မသိ အငှားယာဉ်တစ်စီးကို ငှားရမ်းစီးနင်ခဲ့ပြီး နေ့လယ် ၂ နာရီခွဲလောက်မှာ ပုဇွန်တောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းကို ရောက်ရှိပြီး ယာဉ်ပေါ် ကနေ ဆင်းခဲ့ရာ အမေရိကန်ဒေါ်လာ ၂၂၅ ဒေါ်လာ နဲ့ မြန်မာငွေကျပ် ၇၈၈၄၀ဝ နဲ့ ပတ်စပို့ (၂)ခု ထည့်ထားတဲ့ ကျောပိုးအိတ်ဟာ အငှားယာဉ်ပေါ်မှာ မေ့ကျန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်ခဲ့ရာ အဲဒီယာဉ်မှာ 9D-7762 ProboxSucced ယာဉ်ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းကို ရောက်ရှိနေကြောင်းသိရပြီး ယာဉ်မောင်းထံ ဆက်သွယ်ခဲ့ ရာ ယာဉ်ပေါ်မှာ ကျန်ခဲ့တဲ့ ကျောပိုးအိတ်ကို ပုဇွန်တောင်မြို့မရဲစခန်းကို အပ်နှံခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)