KOICA က အျမန္လမ္းစီမံကိန္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ဖုိ႔ စိတ္ဝင္စား

0
952

ေတာင္ကိုရီးယား ျပည္ပေရးရာေအဂ်င္စီဟာ ျမန္မာႏုိင္ငံရဲ႕ အျမန္လမ္းမႀကီး တည္ေဆာက္ေရးစီမံကိန္းမွာ ပါဝင္အကူညီေပးဖုိ႔ ႀကိဳးပမ္းေနပါတယ္။

ကိုရိးယား ျပည္ပေရးရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ (KOICA)ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က အျမန္လမ္းမႀကီးေတြကို ေလ့လာမႈျပဳလုပ္ႏုိင္ဖုိ႔ ျမန္မာအာဏာပိုင္ေတြနဲ႔ သေဘာတူစာခ်ဳပ္လက္မွတ္ ေရးထုိးခဲ့ပါတယ္။

ကိုရီးယား ေအဂ်င္စီဟာ ကီလုိမီတာ ၂၄၀ ရွိ ရန္ကုန္- ငရုပ္ေကာင္းအျမန္လမ္းမႀကီးနဲ႔ ေနျပည္ေတာ္- မႏၱေလး အျမန္လမ္းမႀကီးရွိ ကီလုိမီတာ ၅၂၄ အကြာေဝးရွိ လမ္းပိုင္းေတြကို ေလ့လာမႈျပဳလုပ္သြား မွာျဖစ္ပါတယ္။

ကိုရီးယားေအဂ်င္စီဟာ ျမန္မာႏုိင္ငံရဲ႕အျမန္လမ္းတည္ေဆာက္ေရး စီမံကိန္းေတြမွာ ရင္းႏွီးျမွပ္ႏွံမႈလုပ္ဖုိ႔ စိတ္၀င္စားေနတယ္လို႔ ကိုရီးယား သတင္းမွာေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(KOICA) က အမြန်လမ်းစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စား

တောင်ကိုရီးယား ပြည်ပရေးရာအေဂျင်စီဟာ မြန်မာနိုင်ငံရဲ့ အမြန်လမ်းမကြီး တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင် အကူညီပေးဖို့ ကြိုးပမ်းနေပါတယ်။
ကိုရိးယား ပြည်ပရေးရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမြန်လမ်းမကြီးတွေကို လေ့လာမှုပြုလုပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ပါတယ်။

ကိုရီးယား အေဂျင်စီဟာ ကီလိုမီတာ ၂၄၀ ရှိ ရန်ကုန်- ငရုပ်ကောင်းအမြန်လမ်းမကြီးနဲ့ နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးရှိ ကီလိုမီတာ ၅၂၄ အကွာဝေးရှိ လမ်းပိုင်းတွေကို လေ့လာမှုပြုလုပ်သွား မှာဖြစ်ပါတယ်။

ကိုရီးယားအေဂျင်စီဟာ မြန်မာနိုင်ငံရဲ့အမြန်လမ်းတည်ဆောက်ရေး စီမံကိန်းတွေမှာ ရင်းနှီးမြှပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ကိုရီးယား သတင်းမှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)