
0
909




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

WLC လက်ရှိချန်ပီယံတူးတူး ဆိုရိုကင်ကို အနိုင်ရရှိပြီး ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံမှာကျင်းပခဲ့ရာ WLC လက်ရှိချန်ပီယံတူးတူးမှာ ယူကရိန်းလက်ဝှေ့သမားဆိုရိုကင်ကို အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးပွဲမှာ တူးတူး(မြန်မာ)နဲ့ ဆိုရိုကင်(ယူကရိန်း)တို့ပွဲစဉ်ဖြစ်ပြီး ငါးချီအပြည့် ထိုးသတ်ကာ အမှတ်နဲ့ တူးတူးက မစ်ဒယ်ဝိတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံ ခါးပတ်ကို ကာ ကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီး ဖယ်သာဝိတ်(၅၄-၅၇ ကီလို)တန်း သုံးချီပွဲအဖြစ် ရွှေစင်ဝင်း(မြန်မာ)နဲ့ နိုဆရီပေါ (ကမ္ဘောဒီးယား) တို့ ထိုးသတ်ခဲ့ရာ နိုဆရီပေါက အနိုင်ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)