စိုက္ပ်ိဳးေရး လုပ္ကိုင္တဲ႔အမ်ိဳးသမီးေတြကို MWEAက မတည္ေငြထုတ္ေခ်း (႐ုပ္/သံ)

0
302

အမ်ိဳးသမီးေတြ ဖြံ႔ၿဖိဳးတိုးတက္ေစဖို႔အတြက္ စိုက္ပ်ိဳးေရးလုပ္ကိုင္ေနတဲ႔ အမ်ိဳးသမီးေတြကို ျမန္မာအမ်ိဳးသမီး စီးပြားေရးစြမ္းေဆာင္ရွင္မ်ားအသင္းက စိုက္ပ်ိဳးစရိတ္မတည္ရင္းႏွီးေငြ ေပးအပ္ခဲ႔ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျမန္မာအမ်ိဳးသမီး စီးပြားေရးစြမ္းေဆာင္ရွင္မ်ားအသင္းက ၂၀၀၅ ခုႏွစ္ က စတင္ၿပီး ရန္ကုန္တိုင္းေဒသႀကီးနဲ႔ ဧရာဝတီတိုင္းေဒသႀကီးအတြင္းက စိုက္ပ်ိဳးေရးလုပ္ကိုင္ေနတဲ႔ အမ်ိဳးသမီးေတြကို စိုက္ပ်ိဳးစရိတ္ မတည္ ရင္းႏွီးေငြ ထုတ္ေခ်းေပးေနတာပါ။

အမ်ိဳးသမီးဘဝ ဖြံ႔ၿဖိဳးတိုးတက္ေစဖို႔ ရည္ရြယ္ၿပီး ဧရာဝတီတိုင္းေဒသႀကီး၊ ေမာ္ကၽြန္းၿမိဳ႕နယ္ရွိ ေက်းရြာေတြက စိုက္ပ်ိဳးေရးလုပ္ကိုင္ေနတဲ႔ အမ်ိဳးသမီးေတြကို ေဖေဖၚဝါရီလ ၁၉ ရက္ေန႔က ျမန္မာအမ်ိဳးသမီးစီးပြားေရး စြမ္းေဆာင္ရွင္မ်ားအသင္းရုံးခန္းမမွာ စိုက္ပ်ိဳးစရိတ္မတည္ရင္းႏွီးေငြ ထုတ္ေခ်းေပးခဲ႔ပါတယ္။

Soundbite ေဒါက္တာျမတ္သီတာျမင့္ (ဒုဥကၠဌ) ျမန္မာအမ်ိဳးသမီးစီးပြားေရးစြမ္းေဆာင္ရွင္မ်ားအသင္း

စိုက္ပ်ိဳးေရးလုပ္ကိုင္ေနတဲ႔ ေတာင္သူေတြကို အစိုးရက စိုက္ပ်ိဳးေရးစရိတ္ေခ်းေငြေတြ ထုတ္ေခ်းေပးေနေပမယ့္ ပန္းနဲ႔ ကြမ္းစိုက္တဲ႔ ေတာင္သူေတြအတြက္ စိုက္ပ်ိဳးေရးစရိတ္မေခ်းတာေၾကာင့္ အခက္အခဲေတြရွိေနၾကတာပါ။
အဲဒါေၾကာင့္ ျမန္မာအမ်ိဳးသမီးစီးပြားေရးစြမ္းေဆာင္ရွင္မ်ားအသင္းက ဧရာဝတီတိုင္းေဒသႀကီး၊ ေမာ္ကၽြန္းၿမိဳ႕ နယ္က ပန္းနဲ႔ ကြမ္းစိုက္ေတာင္သူေတြကို စိုက္ပ်ိဳးစရိတ္မတည္ရင္းႏွီးေငြ ထုတ္ေခ်းေပးေနတာျဖစ္ပါတယ္။

Soundbite ေဒၚတင္ဇာလင္း (ပန္းစိုက္ေတာင္သူ) ေမာ္ကၽြန္းၿမိဳ႕နယ္၊ ဧရာဝတီတိုင္းေဒသႀကီး

ျမန္မာအမ်ိဳးသမီးစီးပြားေရးစြမ္းေဆာင္ရွင္မ်ားအသင္းက ဧရာဝတီတိုင္းေဒသႀကီး၊ ေမာ္ကၽြန္းၿမိဳ႕နယ္ထဲက ေက်းရြာေပါင္း ၁၀ ရြာက ပန္းနဲ႔ ကြမ္းစိုက္ေတာင္သူ ၁၀၂ ဦးကို စိုက္ပ်ိဳးစရိတ္မတည္ရင္းႏွီးေငြ က်ပ္သိန္း ၃၉၀ ကို ထုတ္ေခ်းေပးခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းက စိုက်ပျိုးစရိတ်မတည်ရင်းနှီးငွေ ပေးအပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ၂၀ဝ၅ ခုနှစ် က စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို စိုက်ပျိုးစရိတ် မတည် ရင်းနှီးငွေ ထုတ်ချေးပေးနေတာပါ။

အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်ရှိ ကျေးရွာတွေက စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းရုံးခန်းမမှာ စိုက်ပျိုးစရိတ်မတည်ရင်းနှီးငွေ ထုတ်ချေးပေးခဲ့ပါတယ်။

Soundbite ဒေါက်တာမြတ်သီတာမြင့် (ဒုဥက္ကဌ) မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း

စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ တောင်သူတွေကို အစိုးရက စိုက်ပျိုးရေးစရိတ်ချေးငွေတွေ ထုတ်ချေးပေးနေပေမယ့် ပန်းနဲ့ ကွမ်းစိုက်တဲ့ တောင်သူတွေအတွက် စိုက်ပျိုးရေးစရိတ်မချေးတာကြောင့် အခက်အခဲတွေရှိနေကြတာပါ။
အဲဒါကြောင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့ နယ်က ပန်းနဲ့ ကွမ်းစိုက်တောင်သူတွေကို စိုက်ပျိုးစရိတ်မတည်ရင်းနှီးငွေ ထုတ်ချေးပေးနေတာဖြစ်ပါတယ်။

Soundbite ဒေါ်တင်ဇာလင်း (ပန်းစိုက်တောင်သူ) မော်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာက ပန်းနဲ့ ကွမ်းစိုက်တောင်သူ ၁၀၂ ဦးကို စိုက်ပျိုးစရိတ်မတည်ရင်းနှီးငွေ ကျပ်သိန်း ၃၉၀ ကို ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)