ျပည္ေထာင္စုအခြန္အေကာက္ဥပေဒၾကမ္း အတည္ျပဳႏိုင္ဖို႔ ရန္ကုန္တုိင္း၀န္ၾကီးခ်ဳပ္တိုက္တြန္း (႐ုပ္/သံ)

0
886

ျပည္ေထာင္စု အစိုးရကို စီးပြားေရးကုထံုးသစ္ျဖစ္တဲ့ ျပည္ေထာင္စုအခြန္အေကာက္ဥပေဒၾကမ္း အတည္ျပဳႏိုင္ဖို႔ ၀န္ၾကီးခ်ဳပ္ဦးျဖိဳးမင္းသိန္းက တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ျပည္ေထာင္စုအစိုးရရဲ့ ေျပာင္းလဲလိုက္တဲ့ မူ၀ါဒတစ္ခုျဖစ္တဲ့ ျပည္ေထာင္စု အခြန္ေကာက္ ဥပေဒၾကမ္း ေၾကာင့္ ျမန္မာႏိုင္ငံရဲ့ ေဆာက္လုပ္ေရး၊ အိမ္ျခံေျမက႑နဲ႔ စီးပြားေရးက႑ေတြမွာ အလားအလာေကာင္းေတြ ရွိေနျပီလို႔ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီခ်ဳပ္ ဦးျဖိဳးမင္းသိန္းက ေျပာၾကားခဲ့ပါတယ္။

ေဖေဖာ္၀ါရီလ ၁၇ရက္ေန႔က ရန္ကုန္ျမိဳ႕ မင္ဓမၼလမ္းမွာရွိတဲ့ ျမန္မာကြန္ဗန္းရွင္းစင္တာ MCC မွာ ျပဳလုပ္ခဲ့တဲ့ တိုင္းေဒသႀကီးအစိုးရနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြ ေတြ႕ဆံုေဆြးေႏြးပြဲမွာ အဲ့ဒီဥပေဒၾကမ္းကို အင္တိုက္အားတိုက္လုပ္ေဆာင္ဖို႔ ျပည္ေထာင္စု အစိုးရကို တိုက္တြန္းခဲ့တာပါ။

Soundbites – ဦးျဖိဳးမင္းသိန္း (၀န္ၾကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕

အဲ့ဒီ ဥပေဒၾကမ္းကို အတည္ျပဳႏုိင္ရင္ ဧျပီလဆန္းကစျပီး ေဆာက္လုပ္ေရးနဲ႔ အိမ္ျခံေျမက႑ာရဲ့ စီးပြားေရးေတြ တိုးတက္လာႏိုင္ျပီး အေျခခံလူလတ္တန္းေတြပါ အိမ္ျခံေျမ၀ယ္ႏိုင္တဲ့ အခြင့္အလမ္းေတြကို ဖန္တီးေပးႏိုင္မွာျဖစ္တယ္လို႔လည္း ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

Soundbites – ဦးျဖိဳးမင္းသိန္း (၀န္ၾကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕

ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြဟာ ၀င္ေငြခြန္ေလ်ာ့ခ်ေရး၊ ဘဏ္အတိုးႏႈန္းေလ်ာ့ခ်ေရး အပါအ၀င္ အခ်က္ ၆ ခ်က္ကို ေတာင္းဆိုခဲ့ၾကၿပီး အစိုးရရဲ့ ၂၀၁၈ ခုႏွစ္ ျပည္ေထာင္စုရဲ႕ အခြန္အေကာက္ ဥပေဒၾကမ္းမွာ ဝင္ေငြခြန္ ၃၀ ရာခိုင္ႏႈန္းကေန ပထမ ၆ လ ၀င္ေငြခြန္ကို ၃ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ေပးခဲ့တာပါ။ အဲ့ဒီလို ေလ်ာ့ခ်ေပးလိုက္တဲ့အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကုိင္ေနတဲ့ အလုပ္ရွင္နဲ႔ အလုပ္သမား ၃၀၀၀ ေက်ာ္က ေထာက္ခံေၾကာင္း လက္မွတ္ေရးထိုးခဲ့ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ထောင်စု အစိုးရကို စီးပွားရေးကုထုံးသစ်ဖြစ်တဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်း အတည်ပြုနိုင်ဖို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ ပြောင်းလဲလိုက်တဲ့ မူဝါဒတစ်ခုဖြစ်တဲ့ ပြည်ထောင်စု အခွန်ကောက် ဥပဒေကြမ်း ကြောင့် မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး၊ အိမ်ခြံမြေကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေမှာ အလားအလာကောင်းတွေ ရှိနေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့က ရန်ကုန်မြို့ မင်ဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗန်းရှင်းစင်တာ MCC မှာ ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီးအစိုးရနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အဲ့ဒီဥပဒေကြမ်းကို အင်တိုက်အားတိုက်လုပ်ဆောင်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းခဲ့တာပါ။

Soundbites – ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

အဲ့ဒီ ဥပဒေကြမ်းကို အတည်ပြုနိုင်ရင် ဧပြီလဆန်းကစပြီး ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍာရဲ့ စီးပွားရေးတွေ တိုးတက်လာနိုင်ပြီး အခြေခံလူလတ်တန်းတွေပါ အိမ်ခြံမြေဝယ်နိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

Soundbites – ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ဝင်ငွေခွန်လျော့ချရေး၊ ဘဏ်အတိုးနှုန်းလျော့ချရေး အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုခဲ့ကြပြီး အစိုးရရဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းမှာ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းကနေ ပထမ ၆ လ ဝင်ငွေခွန်ကို ၃ ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့တာပါ။ အဲ့ဒီလို လျော့ချပေးလိုက်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ၃၀ဝ၀ ကျော်က ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)