ရိုက်တာသတင်း 7 Day ဖော်ပြမှု ရဲတပ်ဖွဲ့ တရားစွဲတာကို မီဒီယာအသိုင်းအ၀ိုင်း ဝေဖန် (ရုပ်/သံ)
0
932
ရိုက်တာသတင်းထောက် နှစ်ဦးကို တရားလိုပြုတိုင်တန်းထားတဲ့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးယုနိုင်က ဇန်နဝါရီလ (၂၄)ရက်နေ့ထုတ် 7Days Daily သတင်းစာပါဖော်ပြချက်တွေက ဇန်နဝါရီလ (၂၃)ရက် တရားရုံးထွက်ဆိုတွေနဲ့ အဓိပ္ပာယ်ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် သတင်းမီဒီယာဥပဒေအရ ဖြေရှင်းပေးဖို့ ဖေဖော်ဝါရီလ( ၉)ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
သာလွန်ဇောင်းထက် (မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ)
ဒါ့အပြင် သတင်းရေးသားနေတဲ့ သတင်းမီဒီယာတွေအပေါ် အမျိုးမျိုးကန့်သတ်တာတွေ ရှိလာတယ်လို့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရိုက်တာသတငး်ထောက်နှစ်ဦး နဲ့ပတ်သက်ပြီး 7Days မီဒီယာရဲ့သတင်းဖော်ပြချက်အပေါ် ရဲဌာနက တိုင်ကြားခဲ့မှုကို သတင်းမီဒီယာအသိုင်းအဝိုင်းက ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေဇွန်နွေးက သတင်းပေးပို့ထားပါတယ်။
ရိုက်တာသတင်းထောက် နှစ်ဦးကို တရားလိုပြုတိုင်တန်းထားတဲ့ မြောက်ပိုငး်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးယုနိုင်က ဇန်နဝါရီလ (၂၄)ရက်နေ့ထုတ် 7Days Daily သတင်းစာပါဖော်ပြချက်တွေက ဇန်နဝါရီလ (၂၃)ရက် တရားရုံးထွက်ဆိုတွေနဲ့ အဓိပ္ပာယ်ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် သတင်းမီဒီယာဥပဒေအရ ဖြေရှင်းပေးဖို့ ဖေဖော်ဝါရီလ( ၉)ရက်နေ့က မြန်မာနိုင်ငံသတငး်မီဒီယာကောင်စီကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာအသိုင်းအဝိုင်းက ဝေဖန်မှုတွေရှိနေတာပါ။
ဦးစိန်ဝင်း (သင်တန်းညွှန်ကြားရေးမှူး) မြန်မာသတင်းပညာသိပ္ပံ
လက်ရှိအမှုနဲ့ ပတ်သက်ပြီး ဒုရဲမှူးကြီး ယုနိုင်ထွက်ဆိုခဲ့တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃(၁) ဂ
နဲ့ တရားစွဲဆိုနိုင်ဖို့ နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာအပ်နှင်းပြီး တရားစွဲဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ ဒုသမ္မတ(၁) ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့သာ တရားစွဲဆိုခဲ့ရသည်ဟု 7days မီဒီယာရဲ့ ဖော်ပြချက်မှာ လွဲမှားနေကြောင်း တိုင်ကြားစာမှာပါရှိတာပါ။
သာလွန်ဇောငး်ထက် (မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ)
ဒါ့အပြင် သတငး်ရေးသားနေတဲ့ သတင်းမီဒီယာတွေအပေါ် အမျိုးမျိုးကန့်သတ်တာတွေ ရှိလာတယ်လို့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
ကိုမြတ်ကျော်သူ (အကြီးတန်းသတင်းထောက်) Frontier Myanmar
သတင်းမီဒီယာတွေက သတင်းလွတ်လပ်ခွင့်နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေကို တိုင်းဒေသကြီးအနှံ့မှာ ပြုလုပ်နေကြပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရလက်ထက်မှာ သတငး်မီဒီယာတွေကို တရားစွဲဆိုထားတဲ့အမှုပေါငး်(၁၉)မှုအထိရှိနေတာဖြစ်ပြီး သတင်းသမား(၃၃)ဦးက အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)