ႏိုင္ငံျခား သေဘၤာသားတစ္ဦး အူအတက္ေရာင္လို႔ ၿမိတ္ၿမိဳ႕မွာ အေရးေပၚ ေဆးကုသ

0
985

ကမာၻလွည့္ ခရီးသည္တင္ အေပ်ာ္စီးသေဘၤာ World Odyssey က ယူကရိန္း ႏိုင္ငံသား ကပၸတိန္ တစ္ဦးဟာ အူအတက္ေရာင္ ေရာဂါ ျဖစ္လာတဲ့အတြက္ တနသၤာရီေရတပ္စခန္း ဌာနခ်ဳပ္ လက္ေအာက္ခံ စစ္သေဘၤာနဲ႔ ဆက္သြယ္ၿပီး ၿမိတ္ၿမိဳ႕ ေဆး႐ံုမွာ တက္ေရာက္ကုသခဲ့ရပါတယ္။

ၿမိတ္ၿမိဳ႕နယ္ကေန ေရမိုင္ ၆၄၅ မိုင္အကြာ ႏိုင္ငံတကာ ေရပိုင္နက္ထဲမွာ World Odyssey ဟာ ခရီးသည္ ၅၀၀ နဲ႔ သေဘၤာဝန္ထမ္း ၁၈၀ တို႔ကို တင္ေဆာင္ၿပီး ဗီယက္နမ္၊ ဟိုခ်ီမင္း ဆိပ္ကမ္းကေန ရန္ကုန္ၿမိဳ႕ကို ထြက္ခြာလာတာ ျဖစ္ပါတယ္။

ယူကရိန္း ႏိုင္ငံသား ကပၸတိန္ ပိုလီကာေပါ့ဗ္ ေခၚမီ အူအတက္ ေရာင္တဲ့အတြက္ ယူကရိန္း လူနာေစာင့္ သေဘာၤသား၊ အေမရိကန္ သေဘာၤဆရာဝန္တို႔နဲ႔အတူ တနသၤာရီေရတပ္စခန္း ဌာနခ်ဳပ္ အကူအညီနဲ႔ ၿမိတ္ၿမိဳ႕၊ ဒကၡိဏဒီပါေဆး႐ံုကို လာေရာက္ ကုသရတာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ ေရေၾကာင္း ဥပေဒအရ သေဘၤာသား ၁ ဦး အေရးေပၚ ကုသဖို႔လိုရင္ အနီးဆံုးႏိုင္ငံမွာ ေဆးကုသမဥ ခံယူႏိုင္ပါတယ္။ သေဘၤာေပၚကေန အေရးေပၚထြက္ခဲ့တာမို႔ သေဘၤာသား မွတ္ပံုတင္၊ ဗီဇာနဲ႔ တျခား စာရြက္စာတမ္း အေထာက္အထားေတြအတြက္ ဒီေန႔ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔မွာ လုပ္ေဆာင္ေနပါတယ္။ သေဘၤာက ရန္ကုန္ကို ဆက္လက္ ထြက္ခြာလာၿပီး ခြဲစိတ္ကုသမႈ ခံယူသူ ကပၸတိန္ ေခၚမီလည္း က်န္းမာေရး ေကာင္းမြန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံခြား သင်္ဘောသားတစ်ဦး အူအတက်ရောင်လို့ မြိတ်မြို့မှာ အရေးပေါ် ဆေးကုသ

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော World Odyssey က ယူကရိန်း နိုင်ငံသား ကပ္ပတိန် တစ်ဦးဟာ အူအတက်ရောင် ရောဂါ ဖြစ်လာတဲ့အတွက် တနင်္သာရီရေတပ်စခန်း ဌာနချုပ် လက်အောက်ခံ စစ်သင်္ဘောနဲ့ ဆက်သွယ်ပြီး မြိတ်မြို့ ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။

မြိတ်မြို့နယ်ကနေ ရေမိုင် ၆၄၅ မိုင်အကွာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ World Odyssey ဟာ ခရီးသည် ၅၀ဝ နဲ့ သင်္ဘောဝန်ထမ်း ၁၈၀ တို့ကို တင်ဆောင်ပြီး ဗီယက်နမ်၊ ဟိုချီမင်း ဆိပ်ကမ်းကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံသား ကပ္ပတိန် ပိုလီကာပေါ့ဗ် ခေါ်မီ အူအတက် ရောင်တဲ့အတွက် ယူကရိန်း လူနာစောင့် သင်္ဘောသား၊ အမေရိကန် သင်္ဘောဆရာဝန်တို့နဲ့အတူ တနင်္သာရီရေတပ်စခန်း ဌာနချုပ် အကူအညီနဲ့ မြိတ်မြို့၊ ဒက္ခိဏဒီပါဆေးရုံကို လာရောက် ကုသရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ရေကြောင်း ဥပဒေအရ သင်္ဘောသား ၁ ဦး အရေးပေါ် ကုသဖို့လိုရင် အနီးဆုံးနိုင်ငံမှာ ဆေးကုသမဥ ခံယူနိုင်ပါတယ်။ သင်္ဘောပေါ်ကနေ အရေးပေါ်ထွက်ခဲ့တာမို့ သင်္ဘောသား မှတ်ပုံတင်၊ ဗီဇာနဲ့ တခြား စာရွက်စာတမ်း အထောက်အထားတွေအတွက် ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ လုပ်ဆောင်နေပါတယ်။ သင်္ဘောက ရန်ကုန်ကို ဆက်လက် ထွက်ခွာလာပြီး ခွဲစိတ်ကုသမှု ခံယူသူ ကပ္ပတိန် ခေါ်မီလည်း ကျန်းမာရေး ကောင်းမွန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)