မိတၳီလာ ယာဥ္တိမ္းေမွာက္မႈ အမ်ိဳးသမီး ၁ ဦးေသ၊ ၁၄ ဦးဒဏ္ရာရ

0
934

မိတၳီလာၿမိဳ႕နယ္မွာ မေန႔က ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီး ၁ ဦး ေသဆံုးၿပီး ၁၄ ဦး ဒဏ္ရာရရွိသြားခဲ့ပါတယ္။

ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္ ၂၈၆/၇ နဲ႔ ၂၈၇/၀ ၾကားမွာ မ်ိဳးျမင့္ဦး (၂၂ ႏွစ္) ေမာင္းႏွင္တဲ့ ယာဥ္ဟာ အရွိန္မထိန္းနိုင္ဘဲ လားရာတူ ေရွ႕က ဦးဝင္းနိုင္ (၄၁ ႏွစ္) ေမာင္းႏွင္ၿပီး မျမသက္ေဝလင္းပါ ၁၆ ဦး (အမ်ိဳးသား ၆ ဦး၊ အမ်ိဳးသမီး ၁၀ ဦး) တို႔ လိုက္ပါလာတဲ့ နယူးေငြစႏၵာ မိုက္ခ႐ိုဘတ္စ္ ယာဥ္ေနာက္ပိုင္းကို ဝင္ေရာက္တိုက္မိခဲ့ရာ အတိုက္ခံရတဲ့ယာဥ္က လမ္းလယ္ကၽြန္းေပၚကို ေရာက္ရွိ တိမ္းေမွာက္သြားခဲ့ပါတယ္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ မျမသက္ေဝလင္းဟာ ေပါက္ၿပဲဖူးေရာင္ ဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့ၿပီး ေဒၚသီတာျမ (၅၂ ႏွစ္) အပါအဝင္ ၁၄ ဦး (အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၉ ဦး) တို႔မွာ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိတ္ထီလာ ယာဉ်တိမ်းမှောက်မှု အမျိုးသမီး ၁ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

မိတ္ထီလာမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၆/၇ နဲ့ ၂၈၇/ဝ ကြားမှာ မျိုးမြင့်ဦး (၂၂ နှစ်) မောင်းနှင်တဲ့ ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့က ဦးဝင်းနိုင် (၄၁ နှစ်) မောင်းနှင်ပြီး မမြသက်ဝေလင်းပါ ၁၆ ဦး (အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁၀ ဦး) တို့ လိုက်ပါလာတဲ့ နယူးငွေစန္ဒာ မိုက်ခရိုဘတ်စ် ယာဉ်နောက်ပိုင်းကို ဝင်ရောက်တိုက်မိခဲ့ရာ အတိုက်ခံရတဲ့ယာဉ်က လမ်းလယ်ကျွန်းပေါ်ကို ရောက်ရှိ တိမ်းမှောက်သွားခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် မမြသက်ဝေလင်းဟာ ပေါက်ပြဲဖူးရောင် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး ဒေါ်သီတာမြ (၅၂ နှစ်) အပါအဝင် ၁၄ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး) တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)