
0
923




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မူမှာ အကြမ်းဖက် ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ ဦးစားပေး

ရုရှား-မြန်မာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မူရဲ့ အရေးကြီးတဲ့ အချက်မှာ နယ်မြေ အေးချမ်းလုံခြုံရေးဖြစ်ပြီး၊ အကြမ်းဖက် ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ ပထမ ဦးစားပေး ဖြစ်တယ်လို့ ရုရှားသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ အာမခံချက်ရှိတဲ့ ရုရှား စစ်ယန္တရားများဖြစ်တဲ့ ရုရှားတိုက်လေယာဉ် MiG-29 နဲ့ သင်ကြားရေး အထောက်အကူပြု လေယာဉ် YaK-130 ၊ ရဟတ်ယာဉ် အမျိုးအစား Mi-17 ၊ Mi-24 နဲ့ Mi-35၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ယာဉ်ယန္တရားတွေကို ဝယ်ယူနေပါတယ်။

ရုရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် မိမိကိုယ်ကျိုး စီးပွားအတွက်သာ အားထုတ်နေခြင်း မဟုတ်ဘဲ အနာဂတ်မှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တိုးတက်အောင်မြင် ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်ရေး ရည်ရွယ်ပြီး ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ကုလသမဂ ္ဂအဖွဲ့အစည်းတွေ၊ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေ ပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)